The network connection is lost.

Banner Image

လက်စတာမှ ထုတ်ပယ်ခံရဖို့နီးစပ်လာတဲ့ နစ္စတယ်ရွိုင်း

လက်စတာကိုကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ပရီးမီးယားလိဂ်မှတန်းဆင်းခဲ့တာကြောင့် ယခုအခါမှာတော့ အသင်းဘက်က ထုတ်ပယ်ဖို့ စတင်စီစဉ်နေပြီလို့ သိရပါတယ်။ 

လက်စတာဟာ ၂၀၂၃-၂၄ ရာသီကုန်မှာ ပရီးမီးယားလိဂ်သို့ပြန်လည်တန်းတက်လာခဲ့တာဖြစ်ပေမယ့် တစ်ရာသီသာ ကစားခွင့်ရခဲ့ပြီး အဆင့် ၁၈ နေရာနဲ့ ချန်ပီယံရှစ်သို့ပြန်လည်တန်းဆင်းခဲ့ပါတယ်။ လက်စတာဟာ ပြီးခဲ့တဲ့ရာသီအတွင်း အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေစဉ် နည်းပြ စတိဗ်ကူပါနဲ့လမ်းခွဲကာ နစ္စတယ်ရွိုင်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း နယ်သာလန်သားနည်းပြလက်အောက်မှာ လက်စတာဟာ ၁၉ ပွဲကစားပြီး ၁၇ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၁၈ နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။ ဒါ့အပြင် နစ္စတယ်ရွိုင်းရဲ့ဦးဆောင်မှုအတွင်း လက်စတာဟာ ၉ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ရဂိုး ၁ ဂိုးမှမရခဲ့ပါဘူး။ လက်စတာအနေနဲ့ ဧပြီလ ၂၀ ရက်နေ့ကတည်းက ပရီးမီးယားလိဂ်မှတန်းဆင်းသွားပြီဖြစ်ပေမယ့် နစ္စတယ်ရွိုင်းကို ရာထူးမှထုတ်ပယ်ခြင်းမရှိဘဲ ရာသီကုန်အထိ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ 

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ လက်စတာဟာ နစ္စတယ်ရွိုင်းကိုထုတ်ပယ်ဖို့ ဇွန်လ ၃၀ ရက်နေ့အထိ စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ လက်စတာအနေနဲ့ နစ္စတယ်ရွိုင်းကိုထုတ်ပယ်ပြီးပါက အစားထိုးခန့်အပ်သွားမယ့် နည်းပြသစ်ကို ကြိုတင်ရှာဖွေထားပြီးဖြစ်တယ်လို့သိရပါတယ်။ သတင်းတွေအရ လက်စတာဟာ နစ္စတယ်ရွိုင်းရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ ရှောင်ဒိုင်ချီနဲ့ ရက်ဆဲလ်မာတင်တို့ကို ချိတ်ဆက်နေပြီလို့ဆိုပါတယ်။ 
လောလောဆယ်မှာတော့ လက်စတာဟာ ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းချိုးဖောက်မှုများကြောင့် အရေးယူခံရဖို့ရှိနေပြီး ငွေကြေးသုံးစွဲမှုပိုင်းမှာ ကန့်သတ်မှုတွေပြုလုပ်ခံရနိုင်ပါတယ်။ သို့သော်လည်း ဒိုင်ချီအတွက်တော့ အဆိုပါကန့်သတ်မှုတွေက ပြဿနာဖြစ်လာမှာမဟုတ်ဘူးလို့ သတင်းတွေကဆိုပါတယ်။