The network connection is lost.

Banner Image

ကုန်ကျစရိတ်လျှော့ချဖို့ လန်ဒန်မှရုံးချုပ်တစ်ခုကို ပိတ်သိမ်းသွားမယ့် ယူနိုက်တက်

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ဦးဆောင်မှုနဲ့အတူ အသင်းရဲ့ကုန်ကျစရိတ်တွေကို အဖက်ဖက်ကနေ လျှော့ချနေတဲ့ ယူနိုက်တက်ဟာ ဒီတစ်ခါမှာလည်း လန်ဒန်မှာငှားရမ်းထားခဲ့တဲ့ ရုံးချုပ်တစ်ခုကို ပိတ်ချပြီး ကုန်ကျစရိတ်ခြွေတာဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ ကန်ဆင်တန်မှာရှိပြီး ၁၀ နှစ်အငှားစာချုပ်နဲ့ငှားရမ်းထားခဲ့တဲ့ လန်ဒန်ရုံးချုပ်တစ်ခုကို အဆုံးသတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ယခင်က ယူနိုက်တက်ဟာ အဆိုပါရုံးချုပ်ကို မေဖဲရှိအဆောက်အဦတစ်ခုမှာ ငှားရမ်းအသုံးပြုခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်အကြာကမှ လန်ဒန်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေလျှော့ချပြီး အသင်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတဲ့ ရက်ကလစ်ဖ်ဟာ ကဏ္ဍအမျိုးမျိုးမှာ လျှော့ချမှုပေါင်း ၂၀၀ ကျော်အထိပြုလုပ်သွားဖွယ်ရှိနေတယ်လို့သိရပါတယ်။ 

ယူနိုက်တက်ဟာ အသင်းရဲ့ရုံးချုပ်တွေကို ၂၀၁၀ ခုနှစ်ကတည်းက လန်ဒန်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခြားကလပ်အသင်းတွေကလည်း ယူနိုက်တက်လိုမျိုး လန်ဒန်မှာ ရုံးချုပ်တွေဖွင့်လှစ်ခဲ့ကြပါတယ်။ အခုလို ငှားရမ်းမှုစာချုပ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် ယူနိုက်တက်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားရဖွယ်ရှိတယ်လို့လည်းသိရပါတယ်။ 

သတင်းတွေအရ ယူနိုက်တက်ဟာ တစ်နှစ်ကို အသင်းရဲ့ကုန်ကျစရိတ် ပေါင် ၁၇၁ သန်းအထိလျှော့ချဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အထူးသဖြင့် ကလပ်ရဲ့လူငယ်အသင်းတွေမှာ ကုန်ကျစရိတ်လျှော့ချမှုတွေပြုလုပ်ခဲ့လို့ ကလေးတွေငိုယိုနေခဲ့ကြတယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ဟာ လက်ချီနောက်ခံလူ ပက်ထရစ်ဒေါ်ဂူကို ပေါ်သန်း ၃၀ နဲ့ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လန်ဒန်ကရုံးချုပ်ကို ဘယ်နေရာမှာ ပြောင်းလဲဖွင့်လှစ်သွားမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။