The network connection is lost.

Banner Image

၂၀၂၃ - ၂၄ ရာသီအတွက် အမြတ်ဒေါ်လာ ၁.၁၆ ဘီလီယံအထိ စံချိန်တင်ရရှိခဲ့တဲ့ မက်ဒရစ်

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၃ - ၂၄ ရာသီအတွက် အမြတ်ငွေဒေါ်လာ ၁.၁၆ ဘီလီယံအထိ စံချိန်တင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ယခင် ၂၀၁၈ - ၁၉ ရာသီတုန်းက ဘာစီလိုနာအသင်းဟာ ယူရို ၉၉၀ သန်းအထိ ရရှိခဲ့ပြီး အခုရီးရဲလ်အသင်းက စံချိန်တင်ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ - ၂၃ ရာသီမှာ ကွင်းဝင်ကြေး ၊ စပွန်ဆာငွေကြေးတွေကြောင့် ၂၇% အထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ကွင်းဝင်ကြေးကလည်း ဘာနေဗျူးရဲ့ကွင်းဝင်ဆန့်နိုင်တဲ့ပရိသတ်ဦးရေ တိုးချဲ့မှုအပြင် ပြန်လည်မွမ်းမံမှုကြောင့် တိုးပွားလာခဲ့ပါတယ်။ ဒါ့အပြင် အခြားစီးပွားရေးတွေ ၊ လာလီဂါရဲ့ရုပ်သံထုတ်လွှင့်ခွင့်တွေလည်း တိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့အမြတ်ငွေက ၃၂% အထိတိုးမြှင့်လာပေမယ့် ဒေါ်လာ ၁၆.၈ သန်းသာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်အသင်းရဲ့စွမ်းဆောင်ရည်က တိုးတက်လာခဲ့သလို လာလီဂါ ၊ စပိန်ဖလား နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့တာကြောင့် အမြတ်ငွေတွေက တိုးတက်လာခဲ့တာဖြစ်ပါတ်။ ရီးရဲလ်ဘက်စ်ကက်ဘော အသင်းကလည်း လိဂ်ဖလား ၊ ကိုပါဒယ်ရေး ၊ စပိန်စူပါဖလားတို့ရရှိခဲ့သလို ယူရိုလိဂ်ဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့တာကြောင့် အမြတ်ငွေတိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။

မေလကထုတ်ပြန်တဲ့ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းတွေစာရင်းမှာတော့ ရီးရဲလ်အသင်းဟာ ယူနိုက်တက်ရဲ့နောက်မှသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းတာဝန်ရှိသူတွေကတော့ လာမယ့် ၂၀၂၄ - ၂၅ ရာသီမှာလည်း အမြတ်ငွေတိုးမြှင့်လာဖို့ မျှော်လင့်နေပြီး အသင်းရဲ့ကွင်းမြှင့်တင်မှုကလည်း အဆိုပါရာသီအတွင်းမှာ ပြီးဆုံးမှာဖြစ်သလို ဘာပေလိုကစားသမားကိုလည်း ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။