အနာဂတ်အစီစဉ်တွေကို ပြောပြလာတဲ့ မက်အယ်လစ္စတာ
လက်ရှိရာသီ ပြည်တွင်းနှင့် ဥရောပမှာ စောစီးစွာ ဦးဆောင်နိုင်ခဲ့ပြီးနောက်မှာတော့ နည်းပြ အာနီစလော့ဟာ အသင်းထံကနေ နောက်ထပ် မျှော်လင့်မလို့မရနေတာဖြစ်ပါတယ်။ အင်္ဂါနေ့ စပိန်သို့ သွားရောက် ကစားရမယ့်ပွဲဟာဆိုရင် ချန်ပီယံလိဂ် ၁၀၀ % နိုင်ပွဲရရှိဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး ပြိုင်ဘက်ကတော့ ဥရောပမှာ တစ်ပွဲသာ အနိုင်ရရှိထားတဲ့ အသင်းလည်းဖြစ်ပါတယ်။
အဲ့ဒီနောက်ကွယ်မှတော့ သက်တမ်းကုန်ဆုံးတော့မယ့် စာချုပ် ၃ ခုနှစ်ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိနေပါတယ်။ ဆာလက်နှင့်ပတ်သက်ပြီး သတင်းမျိုးစုံထွက်နေသလို ပရိသတ်တွေကလည်း ဗန်ဒိုက်၊ အာနိုးလ်တို့ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး စိတ်ဝင်တစားစောင့်မျှော်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် မာဆေးဆိုဒ်ကလပ်ဟာ မကြာသေးမီက မက်အက်လစ္စတာရဲ့ ပြောကြားချက်တွေကိုလည်း အာရုံစိုက်ရမှာလည်းဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်ကစားသမားဟာ စပိန်မှာသွားရောက်ကစားချင်ကြောင်းနှင့် တစ်နေ့မှာ ပြောင်းရွေ့မှာဖြစ်ကြောင်း ညွှန်းဆိုပြောကြားလိုက်ပါတယ်။ သို့သော်လည်း သူက အန်ဖီးလ်မှာ ပျော်ရွင်နေတုန်းဖြစ်ပါတယ်။ အာဂျင်တီးနားစတားဟာ ၂၀၂၃ ခုနှစ်မှာ ဘရိုက်တန်ကနေ ပြောင်းလာခဲ့သူဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပါတယ်။
အသင်းပြောင်းရွှေ့ဖို့နှင့်ပတ်သက်ပြီး မေးမြန်းရာမှာ ကစားသမားက "ဟုတ်တယ် ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်တော် နှစ်သက်သဘောကျတဲ့ နိုင်ငံဖြစ်သလို မကြာခဏဆိုသလိုလည်း သွားရောက်လည်ပတ်ပါတယ်။ အဲ့ဒီက ဘာသာစကားနဲ့ ယဉ်ကျေးမှုကိုလည်း သဘောကျပါကာ အာဂျင်တီးနားနဲ့ တစ်ထပ်တည်းကျလုနီးပါးပါပဲ။ တစ်နေ့ စပိန်မှာ သေချာပေါက် ကစားချင်လိုပါတယ်" လို့ ပြောပါတယ်။
တစ်နေ့ဆိုတာက ချက်ချင်းမဟုတ်သေးဘူးလို့ဆိုတာလိုဖြစ်ပြီး "လက်ရှိမှာတော့ လီဗာပူးမှာ အဆင်ပြေနေတာကြောင့် အနာဂတ်အတွက် ချက်ချင်းလုပ်ဖို့ မစဉ်းစားနေသးပါဘူး" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ အာနိုးလ်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး မက်အက်လစ္စတာက အရိပ်အမြွက်ပြောကြားထားကြောင်း Mirror Football က ဖော်ပြထားပါတယ်။ ညာနောက်တန်းကစားသမားဖြစ်တဲ့ အာနိုးလ်ဟာ စပိန်သို့ ပြောင်းရျွေ့ဖို့ ချိတ်ဆက်မှုများရှိနေပြီး အထူးဖြင့် ရီးရဲလ်မက်ဒရစ်နဲ့ဖြစ်ကာ စာချုပ်သက်တမ်းကလည်း ၂၀၂၅ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
"အာနိုးလ်နှင့် ဗန်ဒိုက်တို့က ကျွန်တော်တို့ရှိတဲ့အသင်းမှာ ဆာလက်နှင့်အတူ ဆက်ရှိနိုင်မယ်လို့ မမျှော်လင့်မိပါတယ်။ အာနိုးလ်ဟာဆိုရင် အသင်းအတွက်အရေးပါပြီး ဒဏ်ရာကနေ ပြန်လည်သက်သာပြီးနောက် မန်စီးတီးနှင့်ပွဲမှာ ဘယ်လောက်အထိ အရေးပါတဲ့သူလဲဆိုတာ ကျွန်တော်တို့တွေ့ခဲ့ရပါတယ်"
"ဆာလက်ကလည်း အဲ့ဒီလိုပါပဲ။ သူက ဆွေးနွေးမှုတွေလုပ်နေပြီး အသင်းမှာဆက်ရှိနိုင်ဖို့အတွက် မျှော်လင့်မိပါတယ်။ အာနိုးလ်ဟာဆိုရင် သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကို လီဗာပူးမှာသာ ရှိခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နှင့် ချိတ်ဆက်မှုတွေကလည်း ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး" လို့ တောင်အမေရိက နိုင်ငံသားက ပြောပါတယ်။
ကီတာရဲ့ ဝါဒါဘရီမင်သို့ ပြောင်းရွေ့မှုကလည်း အစီစဉ်အတိုင်းမဖြစ်လာခဲ့ပါဘူး။ ဒါကြောင့် သူက နောက်တစ်ကြိမ် ပြောင်းသွားနိုင်ပါတယ်။ ကွင်းလယ်ကစားသမားဟာ ဂျာမန်ကလပ်ကနေ ၂၀၂၃ ခုနှစ်မှာ ရောက်လာသူဖြစ်ပြီး ဧပြီလကတည်းက မကစားရသေးကာ အခုချိန်ထိ ဘေးထွက်နေရတာဖြစ်ပါတယ်။
"ဒါဟာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ နည်းပြ အိုလီဟာနာက ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ကီတာဟာ ကစားခွင့်မရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမဆုံးရာသီမှာလည်း ပွဲစဉ်အနည်းငယ်ကိုသာ ကစားထားရတာဖြစ်ပါတယ်။
Bild ရဲ့ဖော်ပြချက်အရ ကီတာဟာ ဇန်နဝါရီမှာ ဖီရန်ဗာရိုစ်သို့ အငှားဖြင့်ထွက်ခွာနိုင်ပါတယ်။ ဟန်ဂေရီကလပ်ဟာ ဆုဖလားကို ကာကွယ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ယူရိုပါလိဂ်ရဲ့ playoff နေရာမှာလည်း ရှိနေတာဖြစ်ပါတယ်။