The network connection is lost.

Banner Image

ဒမ်ဘီလီနဲ့ပတ်သက်ပြီး အင်းနရစ်ရဲ့စွမ်းဆောင်ခဲ့တာကို ချီးကျူးလိုက်တဲ့ မောင့်ပယ်လီယာနည်းပြ လူးဝစ်

မောင့်ပယ်လီယာနည်းပြ လူးဝစ်က အင်းနရစ်တစ်ယောက် ပီအက်စ်ဂျီမှာ ဒမ်ဘီလီကို ပြောင်းလဲပေးခဲ့တာနဲ့ပတ်သက်ပြီး ချီးကျူးပြောကြားလိုက်ပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၇ တုန်းက ဒေါ့မွန်ကနေ ဘာစီလိုနာထံပြောင်းရွှေ့ခဲ့ပြီး ကြီးမားတဲ့ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့နောက် ၂၀၂၃ မှာ ပီအက်စ်ဂျီကိုပြောင်းရွှေ့လာခဲ့ပြီး ဘာပေရှိနေတာကြောင့် တောက်ပဖို့ ရုန်းကန်ခဲ့ရပါတယ်။

အဲ့နောက် ဘာပေတစ်ယောက် ရီးရဲလ်အသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ဒမ်ဘီလီဟာ အင်းနရစ်ရဲ့မရှိမဖြစ် ကစားသမားဖြစ်လာခဲ့ပါတယ်။ သောကြာနေ့က အင်တာဗျူးမှာ လူးဝစ်က “ဥရောပမှာ အသင်းတွေက သူနဲ့ပတ်သက်ပြီး စိုးရိမ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူက စက်တစ်ခုလိုပါပဲ။ နည်းပြက သူ့ကိုအကောင်းဆုံးပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီက နံပတ် ၉ ကစားသမားဖြစ်လာပါတယ်။ အဲ့တာက သူ့နည်းပြဆီကနေ ဖြစ်တည်လာတာပါ။ ဒီနေ့မှာ ပဲရစ်က မရှုံးနိမ့်တဲ့အသင်းဖြစ်လာသလို လူတိုင်းအပေါ်မှာရှိလာနေပါတယ်”လို့ လူးဝစ်က ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဒီရာသီတောင်ပံကနေ တိုက်စစ်ပြောင်းလဲပြီးကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၃၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အင်းနရစ်ရဲ့နည်းစနစ်အလှည့်အပြောင်းက ပီအက်စ်ဂျီကို လီဂူးဝမ်းချန်ပီယံဆုစောစီးစွာရရှိစေမယ့်အနေအထားမျိုးဖြစ်လာစေခဲ့ပါတယ်။
ဒါ့အပြင် အခုလိုမျိုးလီဂူးဝမ်းချန်ပီယံဆုကို စောစီးစွာရရှိခဲ့တာကလည်း သမိုင်းတစ်လျှောက် အခြားဘယ်အသင်းထက်မဆို သာလွန်နေပါတယ်။ အဲ့နောက် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။