The network connection is lost.

Banner Image

ဘိုင်ယန်နည်းပြနဲ့ စကားပြောဆိုမှုတွေပြုလုပ်နေတဲ့ လီဗာပူးစတား

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီတစ်ယောက် လီဗာပူးစတား ဒီယက်ဇ်ကိုခေါ်ယူဖို့ စကားပြောဆိုမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း ဘာစီလိုနာအသင်းက ဒီယက်ဇ်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ နီကိုဝီလီယံကို လွဲချော်ခဲ့ပြီးနောက် ကိုလံဘီယာသားဟာ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဘိုင်ယန်ဘက်က ဝီလီယံကို စိတ်ဝင်စားခဲ့သေးပေမယ့် အဆင်မပြေတာကြောင့် ဒီယက်ဇ်ဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဒီယက်ဇ်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ လုပ်ဆောင်နေပေမယ့် အခုချိန်အထိသဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ တကယ်လို့ ဘိုင်ယန် နဲ့ လီဗာပူးတို့ကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရတယ်ဆိုရင် အသင်းပြောင်းဖွယ်ရှိနေပါတယ်။

ဂျာမန်သတင်းဌာန BILD ကလည်း ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ဗီဒီယိုကောခေါ်ပြီး စကားပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဇွန်လတုန်းက ဘာစီလိုနာဟာ ဒီယက်ဇ်ကို ချဉ်းကပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဘိုင်ယန်ဘက်ကလည်း  ၂ ကြိမ်တိုင်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ရိုမာနိုရဲ့အဆိုအရ ဒီယက်ဇ်ဟာ ဘာစီလိုနာကထပ်မံကမ်းလှမ်းခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။ လီဗာပူးအသင်းဟာ အီဆက်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကစားသမားတွေရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ ဒီယက်ဇ်ထက် အခြားအဆင်ပြေနိုင်မယ့် ရက်ရှ်ဖို့ဒ် ၊ အန်ကူကူ ၊ ဘရိုင်ယန် နဲ့ နူဆာတို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။