ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိနေပြီး အငြင်းပွားဖွယ် အမူအရာလုပ်ဆောင်လိုက်တဲ့ အက်စ်တွန်ဗီလာလူငယ်ကစားသမား
အသက် ၂၀ နှစ်အရွယ် ဒူရန်ဟာ ပြီးခဲ့တဲ့ရာသီက ၃၇ ပွဲတွင် ၈ ဂိုးသွင်းယူခဲ့သော်လည်း ဝက်ကင်းစ်ရဲ့ အံ့မခန်းစွမ်းဆောင်ရည်များကြောင့် အမ်မရီရဲ့ ပွဲထွက်ကစားသမားစာရင်းသို့ မရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းက ခေါ်ယူရန် စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပြီး တိုက်စစ်မှူးဟာ သူ့ရဲ့ပထမအသင်းပွဲထွက်မှုအတွက် အဆိုပါအပြောင်းအရွှေ့အပေါ် စိတ်အားထက်သန်နေပုံပေါ်ပါတယ်။ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ လန်ဒန်အရှေ့ပိုင်းသို့ ခရီးထွက်နိုင်တယ်လို့ Live ဗီဒီယိုတွင်ပြောဆိုခဲ့တာကြောင့် ဆိုရှယ်မီဒီယာတွင် ထင်ကြေးပေးမှုများ အရှိန်မြှင့်သွားပါတယ်။
ဒူရန်က ကင်မရာကိုကြည့်ကာ ဝက်စ်ဟမ်းရဲ့ Irons ပုံစံဖြင့် သူ့လက်နှစ်ဖက်ကို ပြသခဲ့တာပါတယ်။ဝက်စ်ဟမ်းပရိသတ်တစ်ဦးက "ဒူရန်က ကျွန်တော်တို့ရဲ့ အနာတိုဗစ် ၂.၀ ဖြစ်ပါတယ်""ဒါဟာ မျက်ရည်နဲ့ အဆုံးသတ်သွားမှာဖြစ်ပေမယ် ပရမ်းပတာဖြစ်စေတဲ့ ဒီအိမ်ကြီးကို ယူလာသလိုပါ" လို့ ပြောထားပါတယ်။
နောက်ထပ် ပို့စ်တစ်ခုတွင် "အို ချစ်တို့!" လို့ ရေးသားထားပါတယ်။တတိယတစ်ယောက်က "သူ့အကြောင်း မသေချာပါဘူး" လို့ရေးထားပါတယ်။ပရိသတ်တစ်ဦးက "သူကို့ မခေါ်ယူဘဲ ဗီလာမှာ ဆက်ရှိနေမယ်ဆိုရင် အရမ်းကြည့်မကောင်းပါဘူး" လို့ ပြောထားပါတယ်။
ဗီလာပရိသတ်ကတစ်ဦးက "သူ့ကို ခေါ်သွားပါ။ ဒီအချိန်မှာ ကျွန်တော် တောင်းပန်ပါတယ်" လို့ ပြောထားပါတယ်။Evening Standard ရဲ့ဖော်ပြချက်အရ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဝက်စ်ဟမ်းရဲ့ ပေါင်သန်း ၃၀ ကျော် ဖြင့် ကမ်းလှမ်းမှုကို ဗီလာက ပယ်ချခဲ့ပါတယ်။ဗီလာက ပေါင်သန်း ၄၀ သတ်မှတ်မထားတဲ့ ဒူရန်အတွက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို စဉ်းစားနေပါတယ်။
တိုက်စစ်မှူးကို ယခုနွေရာသီတွင် ချဲလ်ဆီးက စိတ်ဝင်စားနေသော်လည်း မာရက်စ်ကာရဲ့ အသင်းကတော့ သူ့ရဲ့တန်ကြေးအတိုင်း ပေးချေဖို့ ဆန္ဒမရှိနေတာဖြစ်ပါတယ်။