The network connection is lost.

Banner Image

ပေါင်သန်း ၁၂၀ အထိ ဈေးသတ်မှတ်ထားတဲ့ အီဆက်အတွက် နယူးကာဆယ်ဆီ စတင်ချဉ်းကပ်လာတဲ့ လီဗာပူး

ပေါင်သန်း ၁၂၀ အထိ တန်ကြေးရှိနိုင်တဲ့ အပြောင်းအရွှေ့အတွက် နယူးကာဆယ်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ပြင်ဆင်လာပြီးနောက် လီဗာပူးက အီဆက်အတွက် စံချိန်တင်ချဉ်းကပ်မှုတစ်ခုကို စတင်လိုက်ပါတယ်။ ဒေးဗစ်အော်စတိန်းရဲ့အဆိုအရ လီဗာပူးက အခုနွေရာသီကာလမှာ အီဆက်ကိုခေါ်ယူနိုင်ဖို့ နယူးကာဆယ်ဆီ တရားဝင်ချဉ်းကပ်လာပြီလို့ သိရပါတယ်။ အခုအချိန်ထိတော့ ကမ်းလှမ်းမှုတစုံတရာမရှိသေးပေမယ့် အီဆက်ကိုခေါ်ယူဖို့ ပေါင်သန်း ၁၂၀ အထိသုံးစွဲရန် ဆန္ဒရှိကြောင်း ငှက်ကျားတွေဆီ ကြိုးကြာနီတွေ အကြောင်းကြားလာခဲ့ပါတယ်။ နယူးကာဆယ်ဘက်ကတော့ တိုက်စစ်မှူးကိုရောင်းချလိုတဲ့ဆန္ဒမျိုး မရှိနေပါဘူး။

ပရီမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်းရှိမယ့် အသင်းလူစာရင်းတစ်ခုတည်ဆောက်လိုတဲ့  အန်းစလော့ရဲ့ဆန္ဒကြောင့် ကြိုးကြာနီတွေက လတ်တလောဈေးကွက်အတွင်းမှာ No.9 Role တိုက်စစ်မှူးစစ်စစ်ကို ရှာဖွေနေပါတယ်။ သတင်းတွေအရ သူတို့တွေက ဂျိုတာရုတ်တရက်ကွယ်လွန်မှုကြောင့် စိတ်ခံစားမှုတွေ မြင့်တက်လာနေတယ်ဆိုတာကို သတိပြုမိကြသလို အသင်းလူစာရင်းပြန်လည်တည်ဆောက်ဖို့ လိုအပ်နေမှုကိုလည်း အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။ ဒီအတွက် ဟူဂိုအီကီတီကီကိုလည်း လီဗာပူးတို့ စိတ်ဝင်စားနေပြီး ဈေးကွက်အတွင်းမှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်သွားရဖွယ် ရှိပါတယ်။ 

ငှက်ကျားတွေက ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးအီဆက်ကိုသာ လက်လွှတ်ရမယ်ဆိုရင် ပြင်သစ်ကြယ်ပွင့်ကို စိန့်ဂျိမ်းပတ်ခ်မှာ အစားထိုးသွားဖို့ ပြင်ဆင်ထားပါတယ်။ လီဗာပူးက အခုနွေရာသီကာလအတွင်း ဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူကာ အပြောင်းအရွှေ့စံချိန်ချိုးထားသလို အီဆက်အတွက်လည်း အခုလိုမျိုး နောက်ထပ်တစ်ကြိမ်ပြုလုပ်သွားနိုင်ပါတယ်။ ဆွီဒင်သားက ဆိုစီဒက်မှ ငှက်ကျားတွေဆီ ပေါင်သန်း ၆၀ ဖြင့်ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်ကလပ်အတွက် ၁၀၉ ပွဲ ပါဝင်ကစားကာ ၆၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

အီဆက်ကို မရောင်းချလိုတဲ့ဆန္ဒကြောင့် နယူးကာဆယ်က သူတို့အတွက်ရှိနေတဲ့ ရွေးချယ်ခွင့်တွေကို ချိန်ဆသွားရပါလိမ့်မယ်။ တချိန်တည်းမှာပဲ လူးဝစ်ဒီယက်ဇ်၊ ဒါဝင်နူနက်ဇ်တို့ရဲ့အခုနွေရာသီအပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်မှုနဲ့အတူ ငှက်ကျားကြယ်ပွင့်ကို ဆွဲဆောင်နိုင်ဖို့ လီဗာပူးအသင်းမှာ ဘဏ္ဍာရေးအင်အား တောင့်တင်းလာဖွယ် ရှိပါတယ်။