ဘာစီလိုနာပရိသတ်တွေထံ သတင်းစကားပါးလိုက်တဲ့ လီယွန်နယ်မက်ဆီ
လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာရဲ့ အကောင်းဆုံးကစားသမားဆိုတာ သံသယရှိဖြစ်ရာ မရှိနေတာပါ။ သူဟာ ကတ္တလန်တွင် ရိုသေလေးစားခြင်းခံရပြီး ၂၀၂၁ ခုနှစ်တွင် ကလပ်ကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ပေမယ့် ကလပ်မှာတော့ သူ့ကိုအားလုံးက အလွန်ရိုသေလေးစားဆဲဖြစ်ပါတယ်။
ကလပ်အသင်းနှင့် သူ့ရဲ့အကောင်းဆုံးအချိန်များကို ယေဘုယျအားဖြင့်ရော ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်ပြီး မက်ဆီက MD သို့ ပြန်လည်စဉ်းစားပြောကြားခဲ့ပါတယ်။ "ကျွန်တော် မကြုံဖူးတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ဂျိုအန်ဂမ်ပါက ကလပ်ကို တည်ထောင်တာ ဒါမှမဟုတ် နူးကမ့်ကို တည်ဆောက်မှုလိုမျိုး အရမ်းအရေးကြီးတယ်ဆိုတာ သိပါတယ်။ အဲ့ဒီနောက် ခရက်ဖ်ရဲ့ ကစားသမားဘဝ ၊၁၉၉၂ ခုနှစ်တွင် သူနဲ့အတူ ဝင်ဘာလေမှာ ပထမဆုံးသော ဥရောပဖလားကိုရယူနိုင်ခဲ့တာတွေပါ"
"ကျွန်တော်ဖြတ်သန်းခဲ့တဲ့အရာတွေထဲမှာ နည်းပြအဖြစ် ဂွါဒီယိုလာရှိတဲ့အချိန်ဖြစ်တာ သေချာပါတယ်။ ၂၀၀၅-၂၀၀၆ ချန်ပီယံလိဂ်မှာ ရော်နယ်ဒင်ဟိုက အရာရာဖြစ်ခဲ့ပြီး အင်းနရစ်နဲ့အတူ ဆုဖလား ၃ လုံး ရရှိခဲ့တာတွေပါ" လို့ မက်ဆီက ပြောပါတယ်။ ဘာစီလိုနာပရိသတ်တွေထံ အလွန်ပျော်ရွင်စရာကောင်းတဲ့ မက်ဆေ့ခ်ျတစ်ခု မက်ဆီက ပေးခဲ့ပါတယ်။
"သူတို့ကို အရမ်းလွမ်းမိပါတယ်။ မကြာခင်မှာ ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ သူတို့ခံစားမိမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်" လို့ မက်ဆီက ပြောပါတယ်။