
နီကာဆာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အင်တာမိုင်ယာမီစတား
အင်တာမိုင်ယာမီအသင်းစတား မက်ဆီတစ်ယောက် နီကာဆာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရတယ်လို့ သိရပါတယ်။ အသင်းဖော် ဂျော်ဒီအယ်လ်ဘာကတော့ မက်ဆီဒဏ်ရာရခဲ့တာကြောင့် အသင်းကလူတွေ အရမ်းဝမ်းနည်းနေကြတယ်လို့ ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ပွဲကစားချိန် ၁၀ မိနစ်မှာတင် ဒဏ်ရာရခဲ့တာဖြစ်ပြီး ကွင်းထဲမှာ ဆေးကုသမှုခံယူခဲ့ပေမယ့် လူစားလဲခံခဲ့ရပါတယ်။
ဘယ်လောက်နားရမလဲဆိုတာ အတိအကျမသိရသေးပေမယ့် တော်တော်များများကတော့ စိုးရိမ်နေကြပါတယ်။ အာဂျင်တိုင်းသားဟာ ကြွက်သားဒဏ်ရာကြောင့် ၂၀၂၅ ရာသီအစတုန်းကလည်း ပွဲတော်တော်များများကို လွဲချော်ခဲ့သေးတာဖြစ်ပါတယ်။ လက်ရှိမက်ဆီရဲ့ဒဏ်ရာအခြေအနေက တံကောက်ကြောဒဏ်ရာဖြစ်ဖွယ်ရှိနေပြီး တကယ်လို့သေချာခဲ့ရင် အချိန်တစ်ခုလောက် နားရဖွယ်ရှိနေပါတယ်။
အင်တာမိုင်ယာမီကတော့ မက်ဆီရဲ့သတင်းကို အပေါင်းလက္ခဏာဆောင်ဖို့ မျှော်လင့်နေပါတယ်။ “တစ်သင်းလုံးက မက်ဆီအတွက် ဝမ်းနည်းနေကြပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သလို ဒဏ်ရာလည်းရခဲ့တာကြောင့်ပါ။ သူက အရေးပါတဲ့ကစားသမားပါ။ အဲ့တာက ရှက်စရာပါ။ အရမ်းမပြင်းထန်ဖို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော်တို့ လိုအပ်ပါတယ်”လို့ အယ်လ်ဘာက ဖြေကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုကလည်း မက်ဆီရဲ့အခြေအနေကို မနက်ဖြန်မတိုင်ခင်အထိ မသိရသေးကြောင်း နဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်မိကြောင်း ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ နောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။