The network connection is lost.

Banner Image

ယိုရိုဆီကနေ ဘာတွေမျှော်လင့်လို့ရမလဲဆိုတာကို ပြောကြားလိုက်တဲ့ လိုင်လီစတား ဂိုမက်စ်

လိုင်လီအသင်းဖော်ဟောင်း ဂိုမက်စ်က ယူနိုက်တက်အနေနဲ့ ကစားသမားအသစ် ယိုရိုဆီကနေ အများကြီးမျှော်လင့်လို့ရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ယိုရိုဟာ မကြာခင်မှာ ယူနိုက်တက်ကစားသမားဖြစ်လာဖွယ်ရှိနေပြီး ၂ သင်းကြား အပိုဆုကြေးအပါအဝင် ပေါင် ၅၂ သန်းအထိ တိုးမြှင့်ဖွယ်ရှိနေပါတယ်။ လိုင်လီအသင်းနဲ့အတူ တစ်ရာသီအတွင်းမှာပဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ ယိုရိုကို ယူနိုက်တက်က အလျင်အမြန်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်သားဟာ လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ပါဝင်လာခဲ့ပြီး ယူနိုက်တက်က ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့ကိုကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုမက်စ်က ယူနိုက်တက်ခေါ်ယူခဲ့တဲ့ကစားသမားသစ် ယိုရိုဟာ တကယ်ကောင်းတဲ့ကစားသမားဖြစ်ပြီး ယူနိုက်တက်အနေနဲ့ နှစ်တော်ကြာအားကိုးရမယ့်သူဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပြင်သစ်သားနဲ့အတူ ၅၁ ပွဲအထိ အတူတူတွဲကစားခဲ့တာဖြစ်ပါတယ်။ “ယိုရိုတစ်ယောက် စီနီယာအသင်းဆီရောက်လာတော့ သူကထိပ်တန်းကစားသမားဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်သိနေခဲ့ပါတယ်။
ကျွန်တော်ယူနိုက်တက်ရောက်တုန်းကလည်း အသက် ၁၆ နှစ်ပဲရှိပါသေးတယ်။ စီနီယာကစားသမားတွေက အဲ့လိုအမြင်ရှိကြပါတယ်။ ယိုရိုကတော့ မတူညီတဲ့ကစားသမားတစ်ဦးပါ။ သူ့ရဲ့စိတ်ရှည်မှုက သာမန်မဟုတ်ပါဘူး။ သူ့စွမ်းဆောင်ရည်က လူငယ်ကစားသမားတစ်ဦးနဲ့တောင် မတူပါဘူး။ စီနီယာကစားသမားတစ်ယောက်လိုပါပဲ။ သူ့မှာအရည်အချင်းအားလုံးရှိနေပါတယ်။ အဲ့တာက သူ့အတွက် လွယ်ကူစေတယ်လို့ ထင်မြင်မိပါတယ်”လို့ ဂိုမက်စ်က ပြောကြားခဲ့ပါတယ်။

ဂိုမက်စ်ဟာ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ တုန်းက လိုင်လီအသင်းထံမပြောင်းခင် ယူနိုက်တက်အတွက် စီနီယာအသင်းကစားသမားဘ၀ ၁၀ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ဇီကာဇီး နဲ့ ယိုရိုတို့ကိုခေါ်ယူထားခဲ့ပြီး ဘရိတ်ဝိတ်ကို ၂ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဘိုင်ယန်နောက်ခံလူ ဒီလစ်ဂျ်ကိုလည်း ချိတ်ဆက်နေပါတယ်။