
ယာမဲလ် နဲ့ မက်ဆီတို့ကြား ခိုင်းနှိုင်းနေမှုအပေါ် တုံ့ပြန်လာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယာမဲလ် နဲ့ မက်ဆီတို့ကြား ခိုင်းနှိုင်းနေမှုအပေါ် သူ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးပေမယ့်လည်း ယာမဲလ်ဟာ သူ့ကစားသမားဘဝစံချိန်တွေတင်ထားနိုင်ခဲ့သလို ယူရိုဖလား ၊ လာလီဂါဖလားတွေရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ်မှာလည်း ဘော်လွန်းဒီအော်ဆုရယူနိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ အလားအလာကောင်းတွေကြောင့် ယာမဲလ်ကို မက်ဆီနဲ့ဆင်တူတယ်လို့ ခိုင်းနှိုင်းနေကြပြီး ၂ ဦးစလုံးက လာမာစီယာအကယ်ဒမီကနေပေါ်ထွက်လာခဲ့ကြတာဖြစ်ပါတယ်။
“ယာမဲလ်တစ်ယောက် သူ့ကစားသမားဘ၀ ဆက်လက်တိုးတက်အောင်လုပ်ခွင့်ပြုသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ ၁၅ နှစ်လောက်ကစားပြီးပြီဆိုရင် ကောင်းလား ဒါမှမဟုတ် ဆိုးလားဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လို့ရပါပြီ။ သူဆက်လက်တိုးတက်အောင်လုပ်ပါစေ။ အချက်အလက်တွေအရ မက်ဆီနဲ့ခိုင်းနှိုင်းနေတာက ကြီးမားတဲ့အရာပါ။ သူတို့က ဝိုး ဒီကောင်လေးမဆိုးဘူး။ အဲ့တာက သူကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် သူ့ကစားသမားဘဝကို ဆက်လက်တိုးတက်အောင်လုပ်ပါစေ။ ပြီးတော့ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ မက်ဆီနဲ့ခိုင်းနှိုင်းတာက ကြီးမားတဲ့အရာပါ။
သူက တစ်ရာသီအတွင်း ဂိုး ၉၀ လောက်သွင်းယူထားနိုင်ခဲ့ပါတယ်။ ၁၅ နှစ်အတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။ ဒဏ်ရာပြဿနာမရှိပဲလုပ်ဆောင်ခဲ့တာပါ။ သူ့ကိုဆက်လွှတ်ထားပြီး တိုးတက်ပါစေ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ မြင့်မားတဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် ယာမဲလ်အနေနဲ့ မက်ဆီရဲ့လောင်းရိပ်အောက်ကနေ ထွက်ဖို့ရှာဖွေရမှာဖြစ်ပါတယ်။