The network connection is lost.

Banner Image

ဂန္တဝင်မြောက် ကွင်းကြီးကနေ ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့သူတွေအတွက် အမှတ်တရနေရာ ဖြစ်သွားဖွယ် ရှိနေတဲ့ ဆန်စီရို

အီတလီ ဗိသုကာပညာရှင်ခေါင်းဆောင်ဟာ ဆန်စီရိုကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ခဲ့သူတွေအတွက် အမှတ်ရစရာ လှပတဲ့ နေရာအဖြစ် ပြောင်းလဲမယ့် အစီအစဉ်ကို ချပြခဲ့ပါတယ်။ လက်ရှိ ဆန်စီရိုရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ The Cathedralလို့ခေါ်တဲ့ ကွင်းသစ်အတွက် အစီအစဉ်တွေကို မကြာသေးမီက ကြေညာခဲ့ပါတယ်။

မီလန်ရဲ့ နာမည်ကျော်အထင်ကရနေရာဖြစ်တဲ့ Duomo di Milanoနဲ့ the Galleria Vittorio Emanuele အဆောက်အအုံ တို့ကို အတုယူထားမယ့် ပရိသတ် ၆၅၀၀၀ဆန့် ကွင်းသစ်ကြီးဟာ ၂၀၂၇ခုနှစ်မှာ တည်ဆောက်ပြီးစီးဖို့ ရည်မှန်းထားပြီး အေစီနဲ့ အင်တာတို့ ၂သင်း ဆက်လက်မျှဝေ သုံးစွဲသွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ အဆိုပါဒေသရဲ့ ဖွံဖြိုးတိုးတက်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ပရောဂျက်ကိုလည်း ငွေပြန်ရှာရန်အတွက် ဆန်စီရိုဟာ ဖြိုချရဖို့ရှိနေခဲ့ပါတယ်။

သို့ပေမဲ့ ပုံဆွဲဆရာ အန်ဂျယ်လို ရန်နာကတော့ ကပ်ရောဂါအတွင်း ကွယ်လွန်ခဲ့သူတွေအတွက် အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မယ့်အစား ကွင်းထဲမှာ ကျောက်ပန်းပင် ၃၅၀၀၀ကို စိုက်ဖို့ အရမ်းကောင်းတဲ့ အစီအစဉ်ကို ရေးဆွဲပြခဲ့ပါတယ်။

ရန်နာက “အဓိက ရည်ရွယ်ချက်ကတော့ ဂန္တဝင်မြောက် ဆန်စီရိုကွင်းကြီးကို ဖြိုချပစ်ပြီး ကိုဗစ်-၁၉ကြောင့် ကွယ်လွန်ခဲ့သူတွေအတွက် အမှတ်တရနေရာလုပ်ဖို့ လုံးဝကြီး ပြောင်းပစ်လိုက်တာမျိုးကို ကာကွယ်ရန် ဖြစ်ပါတယ်”“ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ပြီးခဲ့သော ၅လအတွင်း အီတလီက လူ ၃၅၀၀၀နီးပါး အသက်ဆုံးခဲ့ပြီး မီလန်မြို့က ပိုးတွေ့ရှိရမှုရဲ့ အချက်အချာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အခုအစီအစဉ်က လူတွေ သူတို့ ချစ်ရသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည် ဆက်သွယ်နိုင်ပြီး အလေးအမြတ်ထားစရာ နေရာတစ်ခု ဖန်တီးနိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

Stadio Giuseppe Meazzaလို့ တရားဝင် နာမည်ပေးထားတဲ့ ဆန်စီရိုကွင်းဟာ အေစီမီလန်အတွက် ၁၉၂၇ခုနှစ်ကနေ စတင်ကာ အိမ်ကွင်းအဖြစ် အသုံးတော်ခံခဲ့ပြီး အင်တာအတွက်တော့ ၁၉၄၇ခုနှစ်ကနေ စတင်ဧည့်ခံပေးခဲ့ပါတယ်။ ဆန်စီရိုကွင်းကို ဖြိုချဖို့ အစီအစဉ်အပေါ် အီတလီမှာ ပရိသတ်တွေကြား ၂ဖွဲ့ကွဲနေခဲ့ပြီး အေစီမီလန် အမှုဆောင်ချုပ် ဂါဇီဒစ်က ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေကို လျော့ချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဂါဇီဒစ်က “ဆန်စီရိုက ထူးခြားတဲ့နေရာတစ်ခု ဖြစ်တဲ့အတွက် စိုးရိမ်မှုတွေကို နားလည်ပေမဲ့ သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။ ခံစားချက်တွေ ရှိနေရင် မေးခွန်းထုတ်လို့ မရပါဘူး။ ဆန်စီရိုရဲ့ အမှတ်တရတွေက ထာဝရ ရှိနေမှာ ဖြစ်ပြီး ဘယ်သူကမှ ဖျက်ဆီးလို့ မရနိုင်ပါဘူး”“ကမ္ဘာပေါ်က လိဂ်တွေအားလုံးမှာ အောင်မြင်နေတဲ့ အသင်းတွေတိုင်း ပရိသတ်တွေအတွက် ကြီးကျယ်ပြီး အတွေ့အကြုံသစ်တွေ ပေးစွမ်းနိုင်မယ့် ကွင်းသစ်တွေ ဆောက်လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့မှာ ဒီလိုလုပ်ဖို့အတွက် ဘောလုံးသမိုင်းကြောင်းရော၊ ပြည်သူရော၊ ပရိသတ်တွေရော လိုအပ်တာ အားလုံး ရှိနေပါတယ်။ ကျွန်တော်ကတော့ အရမ်းကောင်းတဲ့ အနာဂတ်ကို မြင်တာကြောင့် သတ္တိရှိကြပါလို့ ပြောချင်ပါတယ်”“ကျွန်တော်တို့အသင်း ဘောလုံးလောကကမှာ ထိပ်တန်း ပြန်ရောက်ချင်ရင် ကွင်းသစ်ဆောက်တာကလည်း အခြေခံကျတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Second life
==========
ရန်နာက ဂါဇီဒစ်နဲ့ခံစားပုံ မတူပါဘူး။ သူရဲ့ အကြံပြုချက်တွင် မြေပြင်ဟာ ပြုပြင်ထိန်းသိမ်းမှုတွေ လိုအပ်တယ်။ အနည်းငယ် ဆန်းသစ်ပြီး ဆွတ်ပျံ့ဖွယ် ကောင်းနိုင်သည်။ “ကျွန်တော်ရဲ့ အဆိုပြုချက်မှာ လက်ရှိ အသုံးပြုနေတဲ့ အားကစားကွင်းကို လုံး၀ မတူညီတဲ့ ပုံစံဖြစ်အောင် ပြောင်းလဲဖို့ဖြစ်တယ် ဒါဆိုရင် ကွင်းကြီးကို second life အဖြစ် အမှတ်အသားအသစ်တစ်ခု ပေးစွမ်းနိုင်ပါတယ်။

ကွင်းရဲ့ အသုံးပြုနေကြ နေရာတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်မယ် ရွေးချယ်မှုကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းတော့ ဖြစ်နေတယ်။ဒါပေမဲ့ ကျွန်တော်တစ်ဦးတည်း အမြင်အရ ဒါက ပိုပြီး ထူးခြားတဲ့ အငွေ့အသက်နှင့် ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ သူတွေအတွက်လည်း  စပယ်ရှယ်နေရာအဖြစ် ပေးစွမ်းမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

”အဆိုပြုချက်တွင် ရန်နာသည် ဆန်စီရိုမှ အမိုးကို ဖယ်ရှားပြီး အဆိုနေရာက ထိုင်ခုံအားလုံးကိုလည်း ဖယ်ရှားလိုသည်။ကွင်းကို အခြေတည်ထားတဲ့ မြေကြီးထဲ စိုက်ထားသော ထောက်တိုင်နားတွေမှာ ထင်ရှူးပင်တွေကို ပတ်လည် စိုက်သွားမှာပါ။ အထူးသဖြင့်   အီတလီတွင် ကိုဗစ်ကြောင့် သေဆုံးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောက်ပန်းပင် ၃၅၀၀၀ကို စိုက်ပျိုးသွားမည် ဖြစ်ပါတယ်။ မြက်ခင်းပြင်ဧရိယာကတော့ ကွင်းအလယ်တွင်သာ ရှိမည် ဖြစ်ပြီး  ကွင်းထဲကို ဝင်ရောက်မည့် အပေါက်များတွင် လူသွားစကြံများ ပါရှိမှာ ဖြစ်ပါတယ်။ ကျောက်ပန်းပင်တွေဟာ ကွင်းပြန်လည်ဆောက်လုပ်မည့် ပရောဂျက်တွင် ဘာကြောင့် အရေးပါသလဲ ရန်နာက ရှင်းလင်း ပြောဆိုထားပါတယ်။ ကျောက်ပန်းပင်ဆိုတာ မြေထဲပင်လယ်ဒေသတွင် နှစ်ထောင်ချီနီးပါး ပေါက်ရောက် စိုက်ပျိုးကြသော အလှဆင် အပင်လည်း ဖြစ်ပါတယ်။ စိမ်းရင့်ရောင်ရှိ ဒေါင်လိုက်ပုံစံ သစ်ပင်တွေဟာ ထာဝရ ရှင်သန်နိုင်တဲ့ သင်္ကေတ၊သေလွန်ပြီးနောက် ဘဝတစ်ခုကို ထင်ဟပ်ပြတဲ့ သင်္ကေတ၊ သချိုင်းနှင့် မြင့်မြတ်တဲ့ နေရာတွေမှာ ထားရှိတဲ့ အပင်လည်း ဖြစ်တယ်။ ကျောက်ပန်းပင်ဟာ ရူပ်ထွေးအကွေ့အကောက်များပြီး အမြင့်ပိုင်းမှာ ထူထပ်သိပ်သည်းတဲ့ သဏ္ဍန်ရှိတာကြောင့် ငှက်၊ ရှဉ့်၊ အိမ်မြှောင်၊ ကြွက်၊ တခြားသောတိရစ္ဆာန်များအတွက် နေထိုင်စရာ ပေးစွမ်းနိုင်သော သစ်ပင်လည်း ဖြစ်ပါတယ်”

စစ်မှန်သော တည်ရှိခြင်း
=========
ကွင်းကို ပြန်လည်ဖြိုချမည့် ခန့်မှန်းကုန်ကျစရိတ်က ပေါင်သန်း၆၀လောက် ကုန်ကျနိုင်တယ်ဆိုပေမယ့် ရန်နာက သူရဲ့ သမိုင်းဝင်အိုင်ဒီယာက အလားအလာရှိတဲ့ ရွေးချယ်မှုတစ်ခုလို့ယုံကြည်နေပါတယ်။

“ဒါက သေချာပေါက် ဖြစ်နိုင်မှု ရှိပါတယ်။ အကယ်လို ကွင်းကို ဖြိုချဖို့အတွက်တောင် ယူရိုသန်း၇၀ခန့် သုံးဖို့ခန့်မှန်းထားရင် ကွင်းကို ပြန်လည်ဒီဇိုင်းဖော်ဖို့အတွက် ဒီငွေကို သုံးလို့ရနိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အေစီနှင့် အင်တာနှစ်သင်းလုံးက ဘုတ်အဖွဲ့တွင်သာမကာ ဒေသဆိုင်ရာကောင်စီပါ ပါဝင်ပက်သက်ရမည် ဖြစ်ပါတယ်။ အကြီးမားဆုံးစိန်ခေါ်မှုက ဒေသန္တာရ အုပ်ချုုပ်ရေးကို စွဲဆောင်နိုင်ဖို့ပါ။ မီလန်နှစ်သင်းလုံးက သမိုင်းဝင်နှင့် အထင်ကရ ကွင်းကြီးကို ဖြိုချမယ့်အရေးကို ရှောင်ရှားရမှာ ဖြစ်ပြီး အသစ်သစ်သော ထူးခြားမှုကို ပြောင်းလဲရမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။