The network connection is lost.

Banner Image

ကလေးမွေးဖွားမှုကိုကြည့်ရှုဖို့ ပြင်သစ်အသင်းကနေ ဆွီဒင်သို့ ထွက်ခွာသွားတဲ့ ကိုးမန်း

ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ကင်စလေကိုးမန်းဟာ သူ့ရဲ့စတုတ္ထမြောက်ရင်သွေး ဖွားမြင်မှုကို သွားရောက်ကြည့်ရှုဖို့အတွက် ဂျာမနီမှာရှိနေတဲ့ ပြင်သစ်အခြေစိုက်စခန်းကနေ ဆွီဒင်နိုင်ငံသို့ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဆင့်ပွဲစဉ် ၃ စလုံးမှာ ကိုးမန်းဟာ ပြင်သစ်အတွက် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်မရခဲ့ဘဲ အရန်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းကလည်း ဒီပြိုင်ပွဲမှာ ‌ဗိုလ်စွဲဖို့ရေပန်းစားနေပေမယ့် ‌ခြေစွမ်းကောင်းဖို့ရုန်းကန်နေရတာကြောင့် အုပ်စုအတွင်း ဩစတြီးယားတစ်သင်းကိုသာအနိုင်ရခဲ့ပြီး နယ်သာလန်နဲ့ ပိုလန်တို့ကို သရေသာကစားနိုင်ခဲ့ပါတယ်။

လာမယ့်တနင်္လာနေ့မှာပဲ ပြင်သစ်ဟာ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ကယ်ဗင်ဒီဘရိုင်း၊ ရိုမီယူလူကာကူတို့ဦးဆောင်တဲ့ ဘယ်လ်ဂျီယံနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ကိုးမန်းအနေနဲ့ အသင်းနဲ့ အလျင်အမြန်ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကိုးမန်းဟာ သူ့ရဲ့ စတုတ္ထမြောက်ရင်သွေးကိုမေးဖွားပေးမယ့် လက်ရှိချစ်သူ ဒူဗက်နဲ့မတွေ့ခင်မှာ သူရဲ့ချစ်သူဟောင်း ဆီဖိုရာဂိုအစ်နန်နဲ့အတူ လီယာနဲ့ ကေလီဆိုတဲ့ ကလေး ၂ ‌‌‌ယောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။

ကိုးမန်းနဲ့ ဆီဖိုရာတို့ရဲ့အချစ်ဇာတ်လမ်းဟာ ၂၀၁၉ ခုနှစ်မှာပဲ အဆုံးသတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကစားသမားဟာ ဒူဗက်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ‌တော့ သူတို့ ၂ ယောက်ဟာ ကိုးမန်းရဲ့ တတိယမြောက်ရင်သွေးကို မေးဖွားခဲ့ပေမယ့် ဒူဗက်က ကလေးရဲ့အမည်ကို လူသိရှင်ကြားမဖော်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

ရယ်စရာကောင်းတာတစ်ခုကတော့ ကိုမန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတုန်းကလည်း သူနဲ့ဒူဗက်တို့ရဲ့ သားဦးလေးကို ဖွားမြင်ဖို့အတွက် ပြင်သစ်အသင်းကနေ ထွက်ခွာခဲ့ပါသေးတယ်။

ဒီနှစ် ယူရိုပြိုင်ပွဲမှာ‌တော့ ကိုးမန်းသာမက မန်ချက်စတာစီးတီး‌တောင်ပံကစားသမား ဖီးလ်ဖိုဒန်ကလည်း သူ့ရဲ့ချစ်သူ ကလေးမွေးဖွားမှုကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အင်္ဂလန်အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဖိုဒန်က ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပြီဖြစ်တာကြောင့် တနင်္ဂနွေနေ့မှာကစားမယ့် ဆလိုဗက်ကီးယားနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ရှိနေပါတယ်။