The network connection is lost.

Banner Image

ရာသီကုန် လီဗာပူးအသင်းမှ ထွက်ခွာပြီးရင် နည်းပြမဟုတ်တဲ့ အလုပ်သစ်တစ်ခု ကမ်းလှမ်းခြင်းခံထားရတဲ့ ကလော့ပ်

အသက် ၅၆ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ကလော့ပ်ဟာ ရာသီကုန်မှာ လီဗာပူးအသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယခုအခါ ဂျာမန်သားဟာ အားကစားသုံးသပ်သူနေရာအတွက် ရယူဖို့ရှိနေတာလည်းဖြစ်ပါတယ်။ နိုင်ငံတကာရုပ်သံလွှင့် ကုမ္ပဏီတွေဖြစ်တဲ့ BBC နှင့် ITV တို့မှ အကြီးအကဲတွေဟာ ယူရို ၂၀၂၄ အတွက် ကလော့ပ်ကိုခေါ်ယူဖို့ မျက်စိကျနေကြတာဖြစ်ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ အဆိုပါ ကုမ္ပဏီ ၂ ခုစလုံးဟာ ဒေါ့မွန်နည်းပြဟောင်းကို ဂျာမနီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် သုံးသပ်သူအဖြစ် ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဘီဘီစီရဲ့ အကြီးအကဲတွေကတော့ ကလော့ပ်နှင့် တင်ဆက်မယ့် သူတို့တွေရဲ့ အစီစဉ်ကို အားလုံးကကြည့်ရှုကြမယ်လို့ ယုံကြည်နေပြီး ချဉ်းကပ်မှုက ပိုကောင်းလာမယ်လို့ ပြောကြားထားပါတယ်။

သို့သော်လည်း Mail ရဲ့ ဖော်ပြချက်မှာတော့ ကုမ္ပဏီ ၂ ခုစလုံးက စိတ်ပျက်နေကြပါတယ်လို့ ရေးသားထားပါတယ်။ ၉နှစ်တာ တာဝန်ယူထားတဲ့ ကလပ်ကနေ ရာသီကုန်မှာထွက်ခွာပြီးနောက် သုံးသပ်သူရာထူးသို့ ချက်ချင်းဆိုသလို ပြောင်းသွားဖို့ ကမ်းလှမ်းချက်တွေကို ကလော့ပ်က ငြင်းပယ်နိုင်နေတာဖြစ်ပါတယ်။ သို့သော်လည်း နည်းပြကြီးးဟာ ယူရိုပြိုင်ပွဲသို့ ပရိသတ်တစ်ဦးအနေနဲ့ တက်ရောက်မှာတော့ ဖြစ်ပါတယ်။ ဇွန် ၁၄ ရက် စကော့တလန်အသင်းနှင့် မြူးနစ်မြို့၌ ကစားမယ့်ပွဲကနေ စတင်ပြီး ဂျာမနီရဲ့ အုပ်စုပွဲစဉ် အားလုံးအတွက် လက်မှတ်များကို ကလော့ပ်က ရရှိထားပါတယ်။

ကလော့ပ်က သူ့အနေနဲ့ လီဗာပူးကနေ ထွက်ခွာတဲ့အခါ ဘောလုံးလောကနဲ့ ဝေးကွာချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ချဲလ်ဆီးနှင့်ကစားခဲ့တဲ့ ကာရာဘောင်ဖလားတွင် ဆုဖလားရရှိခဲ့ပြီးနောက် သူ့ရဲ့နှုတ်ဆက်မှုက စတင်လာပြီဖြစ်ပါတယ်။

အနားယူဖို့အတွက် ဖြစ်နိုင်ချေရှိတယ်လို့ ကလော့ပ်က ပြောကြားခဲ့သော်လည်း ဒီလိုပြောင်းရွှေ့ဖို့ မသေချာကြောင်း ဝန်ခံထားပါတယ်။ ဒါ့အပြင့် အင်္ဂလန်မှာရှိတဲ့ တခြားကလပ်တွေကို ဘယ်တော့မှ နည်းပြမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

"နည်းပြအဖြစ်နဲ့ နောက်တစ်ကြိမ်ထပ်လုပ်မှာလားလို့မေးရင် အခုတော့ မဟုတ်သေးပါဘူးလို့ ပြောမှာပါ" "ဒီလိုမျိုး တစ်ခါမှမကြုံဖူးတော့ ဘယ်လိုမျိုး ခံစားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိပါဘူး" "ကျွန်တော်သေချာသိတာက လီဗာပူးမဟုတ်တဲ့ အင်္ဂလန်မှာရှိတဲ့ တခြားကလပ်တစ်ခုကို ဘယ်တော့မှ နည်းပြမှာ မဟုတ်ဘူး" "ဒီကလပ်အပေါ် ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာ၊ ဒီကလူတွေအပေါ် ကျွန်တော့်ရဲ့ လေးစားမှုဟာ ကြီးမားလွန်းပါတယ်။ အခြားအသင်းကို နည်းပြမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုလုပ်ဖို့လည်း ခဏလေးတောင် စဉ်းစားမှာ မဟုတ်ပါဘူး" "လီဗာပူးက ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ၊ ကျွန်တော်တို့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပါ၊ ကျွန်တော်တို့ ဒီအိမ်မှာ ရှိနေတယ်လို့ ခံစားရပါတယ်။ အဲဒါကို လုပ်ဖို့ အခွင့်အရေး ဆိုတာမရှိပါဘူး" “ဒါပေမယ့် ကျန်တာအားလုံးကိုတော့ နောက်တစ်ကြိမ် ပြန်လုပ်မှာလားဆိုတော့ မသိသေးပါဘူး။ လက်ရှိအချိန်မှာတော့ နည်းပြဆက်လုပ်မှာ မဟုတ်သေးဘူးဆိုတော့ သိပါတယ်" "ကလပ်တစ်သင်း ဒါမှမဟုတ် နိုင်ငံအသင်းတစ်ခုကို အနည်းဆုံးတော ၁ နှစ်လောက်အတွင်း နည်းပြမှာ မဟုတ်ပါဘူး" လို့ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်ရဲ့နေရာကို အစားထိုးဖို့ အလားအလာရှိတဲ့ နည်းပြတွေ အများကြီး ရှိနေပါတယ်။ အဲ့ဒီထဲမှာ လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆို၊ စပို့တင်းလစ္စဘွန်းနည်းပြ ရူဘင်အာမိုရင်နှင့် ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီတို့ ပါဝင်နေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ယူလာကို ဘယ်လိုပြောပြခဲ့သလဲဆိုတာ ပြောလိုက်ပါတယ်။

"သူ့ကို ရှင်းပြဖို့အတွက် ကျွန်တော် ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်က အတန်သင့် ပြိုင်ကားတစ်စီးလိုပါပဲ။ အကောင်းဆုံး မဟုတ်ပေမယ့် တော်တော်ကောင်းတဲ့ကားပါ။ တစ်နာရီ မိုင် ၁၆၀ ၊ ၁၇၀ ၊ ၁၈၀ နှုန်းနဲ့ မောင်းနှင်နိုင်သေးပေမယ့် ဆီတိုင်ကီမီတာကို မြင်တဲ့သူက ကျွန်တော်တစ်ယောက်တည်းပါပဲ" "အပြင်လောကသူတွေက ဒါကိုမမြင်ဘူး။ ဒါကကောင်းပါတယ်၊ သွားစရာရှိသရွေ့ သွားလိုက်ပါ ဒါပေမယ့် အနားယူဖို့တော့ လိုပါတယ်။ ဒီအခြေအနေမှာ မင်း ဓာတ်ဆီဆိုင်ကိုတော့ သွားရပါမယ်" "ဒါကို ကျွန်တော်လုပ်ရမယ်ဆိုတာ အတိအကျသိပါတယ်။ ဒါပေမယ့် ဒီရာသီကုန်တဲ့အထိ ဘယ်သူမှ စိတ်ပူစရာမလိုပါဘူး၊ အဲဒီအချိန်အထိ ကျွန်တော်နေကောင်းနေမယ်ဆိုတာ ကောင်းကောင်းသိပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။

ဇနီးဖြစ်သူရဲ့ တုံ့ပြန်မှုနှင့် ပတ်သက်၍ ကလော့ပ်က "ကျွန်တော် အဲဒါကို သေချာရှင်းပြရပါတယ်" "အဲ့ဒီလိုမဟုတ်ခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ လုံးဝကို နားလည်မှုမလွဲသင့်ပါဘူး" "သူမက ဘာကြောင့်လဲလို့ မေးတော့ ကျွန်တော်က သီးသန့်အသေးစိတ်အချက်လေးတွေနဲ့ အခုရှင်းပြသလိုမျိုး ရှင်းပြပါတယ်။ ဒါပေမယ့် အခြားအရာတွေက တော်တော်လေး ဆင်တူပါတယ်" "ပြီးတော့ သူမက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် လုပ်စေချင်တာပါ။ အဲဒါကို တကယ်ရှင်းရှင်းလင်းလင်း သိလိုက်တဲ့အခါ ဒီလိုမျိုးတွေကို ပေါ့ပေါ့တန်တန် သဘောမထားဘူးဆိုတာ သိလာတဲ့အခါ သူမဟာ ကျွန်တော့်အတွက် ဝမ်းသာလာပါတယ်။ ဒီလို ဆုံးဖြတ်ချက်အတွက်လည်း အကျေနပ်ကြီးကျေနပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါအမှန်တရားမလို့ပါ" လို့ ပြောပါတယ်။