The network connection is lost.

Banner Image

မာယော့ကာနဲ့ ပွဲမှာ ဝင်ကစားပြီး လာလီဂါပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ဂျာအိုဖီးလစ်

အက်သလက်တီကိုမက်ဒရစ်အသင်းက ဂျာအိုဖီးလစ်ကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ တန်းကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့ပေမဲ့ ခြေစွမ်းပြ ကစားနိုင်ရန် ရုန်းကန်ခဲ့ရတာကြောင့် အငှားစေလွှတ်မှုတွေပြုလုပ်ခဲ့ပြီး ယခုတစ်ခေါက် ကတ္တလန်မြေမှာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီစတားက မာယော့ကာနဲ့ ကစားတဲ့ ပွဲစဉ်တွင် ပါဝင်ခွင့်ရခဲ့တာကြောင့် လာလီဂါပွဲစဉ် ၁၀၀ ပြည့်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။
 
မက်ဒရစ်ကလပ်အနေဖြင့် ဂျအိုဖီးလစ်ကို ခေါ်ယူနိုင်ရေးအတွက် ပေါင် ၁၀၈ သန်း အထိ ပြောင်းရွှေ့ကြေး မြင့်မားစွာ အသုံးပြုခဲ့ရပေမဲ့ ကစားသမားက မက်ဒရစ်မြေတွင် ခြေစွမ်းပြကစားနိုင်ခြင်း မရှိတဲ့အပြင် နည်းပြ ဆီမြွန်နီနဲ့ပါ သဘောထား ကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကို အငှားချထားခဲ့တာလည်း ဖြစ်ပါတယ်။
 
လန်ဒန်ကလပ်အသင်းက အပြီးခေါ်ယူရန် ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာကြောင့် ကစားသမားအနေဖြင့် ကလပ်အသင်းရှာဖွေခဲ့ရပြီး ငယ်ဘဝအိမ်မက်ကလပ် ဘာစီလိုနာအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းပြကစားကာ ပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာကြောင့် ပေါ်တူဂီစတားအနေဖြင့် ချက်ချင်းဆိုသလို ကတ္တလန်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။
 
စပိန်မြေတွင် စတင်ရောက်လာခဲ့တဲ့ ၂၀၁၉ - ၂၀၂၀ ပွဲဦးထွက်ရာသီတွင် ဂျာအိုဖီးလစ်အနေဖြင့် ပွဲစဉ် ၂၇ ပွဲ ပါဝင်ကစားပေးခွင့်ရခဲ့ရာမှာ ပွဲကစားချိန် ၁၇၅၅မိနစ်တွင် သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပြီး ၃ နှစ် အကြာ လာလီဂါ ကစားသမားဘဝ စုစုပေါင်း ပွဲစဉ် ၁၀၀ ပြည့်မြောက်ချိန်တွင် သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။