
ယူနိုက်တက်မှာ ဝိန်းရွန်းနီသတ်မှတ်ခဲ့တဲ့စည်းမျည်းကို ထုတ်ဖော်ပြောကြားလာတဲ့ လင်ဂတ်
ယူနိုက်တက်အသင်းစတားဟောင်း လင်ဂတ်က တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ ယူနိုက်တက်အဝတ်လဲခန်းထဲမှာ အကယ်ဒမီထွက်ကစားသမားတွေအနေနဲ့ စီနီယာပွဲ ၅၀ မကစားရသေးခင်အထိ ဇိမ်ခံကားမဝယ်ယူဖို့ စည်းမျည်းထုတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်အကယ်ဒမီကို အသက် ၇ နှစ်တုန်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၄ ဗန်ဟားလ်လက်ထက်မှာ စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်သားဟာ လက်ရှိတောင်ကိုရီးယားရဲ့ Seoul FC အသင်းမှာကစားနေပြီး ယူနိုက်တက်အတွက် ၂၃၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ အက်ဖ်အေဖလား ၊ ကာရာဘောင် နဲ့ ယူရိုပါလိဂ်ဖလားတွေရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကနေထွက်ခွာပြီးကတည်းက လင်ဂတ်ဟာ လူမှုမီဒီယာကနေတစ်ဆင့် ယဉ်ကျေးမှုကို ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ လင်ဂတ်က ရွန်းနီရဲ့ယူနိုက်တက်မှာထုတ်ပြန်ခဲ့တဲ့စည်းမျည်းအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အဲ့နေရာကို ဘယ်တော့မှမသွားပါဘူး။ ဒါပေမယ့် ကျွန်တော် မြင်ခဲ့ပါတယ်။ သူ့ကိုပဲမေးလိုက်ပါ။ သူက အဲ့တာကို ရှင်းပြနိုင်ပါတယ်။ ကျွန်တော်တို့ အခြားလူတွေဆီက တုံ့ပြန်မှုကောင်းတွေရခဲ့ပါတယ်။ ကျွန်တော် ပေါလ်ကို ချစ်ပါတယ်။ သူက ကျွန်တော့်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ ကျွန်တော်တို့ နေ့တိုင်းစကားပြောဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် တွေးဖြစ်ပါတယ်။
ယဉ်ကျေးမှုဆိုတာ ဘာလဲပေါ့?။ စီနီယာအသင်းကိုရောက်ဖို့ဆိုတာ မှန်ကန်တဲ့အချိန်လိုအပ်ပါတယ်။ ကျွန်တော်တို့ သန်မာအောင် ကြိုးစားရပါမယ်။ အောင်မြင်မှုတွေ ၊ အပြုံးတွေနဲ့ နိုင်ပွဲတွေရရင် ကျွန်တော်တို့ ရယ်မောကြပါတယ်။ ဒါက ကောင်းမွန်တဲ့ယဉ်ကျေးမှုမဟုတ်ဘူးလားဗျာ။ ဝိန်းက အဝတ်လဲခန်းထဲမှာ လူငယ်ကစားသမားတွေအနေနဲ့ စီနီယာပွဲရေ ၅၀ မပြည့်ပဲ ဇိမ်ခံကားမဝယ်ဖို့ ပြောခဲ့ပါတယ်။
၅၀ ပြည့်ချိန်မှာ ကျွန်တော် Range Rover ဝယ်မောင်းခဲပါတယ်။ အဲ့ကားဝယ်ပြီးနောက် ဝိန်းက ကျွန်တော့်ကို ပွဲ ၅၀ ပြည့်ပြီလားမေးခဲ့ပါတယ်။ ကျွန်တော် အဲ့တာမျိုးကို လက်ခံပါတယ်”လို့ လင်ဂတ်က ပြောကြားခဲ့ပါတယ်။