ဝရက်ဇ်ဟမ်း - ချဲလ်ဆီးပွဲစဉ်က လီဗီကိုဝဲလ်နှင့် အဖြစ်ပျက်အပေါ် ပြောကြားလိုက်တဲ့ ဂျိမ်းစ်မက်ကလင်း
ဝရက်ဇ်ဟမ်းဟာ ပြီးခဲ့တဲ့ရာသီက တန်းတက်လာပြီးနောက် လိဂ်ဝမ်းအတွက် ပြင်ဆင်မှုများအတွက် အလားအလာကောင်းများ စတင်ပြုလုပ်ခဲ့ပါတယ်။၎င်းတို့ဟာ ပထမဆုံးပွဲတွင် ဘုန်းမောက်နှင့် ၁-၁ ဂိုး သရေကျခဲ့သလို ကြာသပတေးနေ့ ချဲလ်ဆီးနှင့်ကစားခဲ့တဲ့ပွဲမှာလည်း ၂-၂ ဂိုးဖြင့် သရေကျခဲ့ပါတယ်။
ဘော်တန်နှင့် မာရီရော့တို့ရဲ့ဂိုးများဖြင့် ကယ်လီဖိုးနီးယားရှိ လီဗီကွင်း၌ ပါကင်ဆန်ရဲ့အသင်းအတွက် အံ့အားသင့်ဖွယ်ရလဒ်ကို ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းက အန်ကွန်ကူရဲ့ဂိုးဖြင့် အဖွင့်ဂိုးရရှိခဲ့သလို အူဂိုချာကူရဲ့ကန်ချက်ဖြင့် သရေကျစေမယ့်ဂိုးကို ရရှိခဲ့ပါတယ်။ပွဲအစမိနစ်တွေမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း မက်ကလင်းနဲ့ ကိုဝဲလ်တို့ ထိပ်တိုက်တွေ့တဲ့အခါ ပြင်းထန်တဲ့အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။
ကိုဝဲလ်ဟာ မက်လလင်းရဲ့ ဖြတ်ထုတ်မှုကို ဒေါသတကြီးတုံ့ပြန်ပြီးနောက် ကစားသမားနှစ်ဦးကြားတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ကိုဝဲလ်ဟာ မက်ကလင်းရဲ့ ကော်လံကိုဆွဲခဲ့ပြီး ဝရက်ဇ်ဟမ်းနည်းပြ ပါကင်ဆန်မှ ကြားဝင်ဖြန်ဖြေပေးခဲ့ရတာဖြစ်ပါတယ်။
ယခုဖြစ်ရပ်ကို ရည်ညွှန်းပြီး မက်ကလင်းက ဆိုရှယ်မီဒီယာတွင် မှတ်ချက်ပေးတဲ့ ပို့စ်တင်ခဲ့ပါတယ်။လက်ဝှေ့နှင့် ကြံ့ခိုင်ရေး အားကစားရုံမှာ သူ့ကိုယ်သူ ရိုက်ထားတဲ့ဓာတ်ပုံနှင့်အတူ မက်ကလင်းက "ဒီမှာ တွန်းထိုးတွေမရှိပါဘူး မှန်ကန်တဲ့ တိုက်ခိုက်ခြင်းသာရှိတယ်" လို့ ရေးသားခဲ့ပါတယ်။
မက်ကလင်းဟာ လက်ဝှေ့အားကစားနှင့် မစိမ်းတဲ့သူဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်တွင် သူ့ရဲ့အထင်ကြီးလောက်စရာ ကြံ့ခိုင်မှုအဆင့်ကို ထိန်းသိမ်းရန် လုပ်ဆောင်ခြင်းကြောင့် လူသိများပါတယ်။
တစ်ချိန်က ဂန္ထဝင်လေ့ကျင့်ရေးဆရာ မေဝဲလ်သာနှင့် လေ့ကျင့်ခဲ့ခြင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနားယူပြီးနောက် သြဇာလွှမ်းမိုးမှုရှိတဲ့ လက်ဝှေ့လောကသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း ယခင်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ယမန်နှစ်က သူဟာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး "သြဇာလွှမ်းမိုးနိုင်သူ မည်သူမဆို အကပါတနာကို လိုချင်ကြပါသလား" လို့ ရေးသားခဲ့ပါတယ်။
ဝရက်ဇ်ဟမ်းဟာ ရာသီကြိုပြင်ဆင်မှုကို ဆက်လက်ပြုလုပ်နေပြီး နောက်ဆုံးခြေစမ်းပွဲအဖြစ် ဖလက်ဝုဒ်နှင့် မကစားမီ တနင်္ဂနွေနေ့တွင် ဗန်ကိုဗာဝှိုက်ကပ်စ်နှင့် ကစားသွားမှာဖြစ်ပါတယ်။
အဲ့ဒီနောက် လာမယ့်ရက်သတ္တပတ်ကုန်တွင် လိဂ်ဝမ်းရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်တွင် ဝိုင်ကမ်ဘီနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။