
ရက်ရှ်ဖို့ဒ်ထွက်ခွာတာကို မြင်ရတာဘာကြောင့် သူကျေနပ်မိလဲဆိုတာကို ရှင်းပြလိုက်တဲ့ ဆာဂျင်မီ
ယူနိုက်တက်အသင်းအမှုဆောင် ဆာဂျင်မီက သူ့အနေနဲ့ ရက်ရှ်ဖို့ဒ်ထွက်ခွာတာကို မြင်ရတာ ဘာကြောင့်ကျေနပ်မိလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ အာမိုရင်ရဲ့ယုံကြည်မှုပျောက်ဆုံးခဲ့ပြီးနောက် အင်္ဂလန်သားဟာ ဗီလာအသင်းထံ ၆ လအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဗီလာကိုပြောင်းရွှေ့ပြီးကတည်းက ရက်ရှ်ဖို့ဒ်တစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ၇ ပွဲမှာ ၃ ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဆာဂျင်မီကတော့ သူ့အနေနဲ့ ရက်ရှ်ဖို့ဒ်အသင်းကနေထွက်ခွာတာကို မြင်မိလို့ ကျေနပ်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“သူက မန်ချက်စတာကနေထွက်ခွာခဲ့ပါပြီ။ အဲ့တာက သူ့အတွက် အဆင်ပြေပါတယ်။ သူလုပ်ပြနေတာတွေကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ အခုလိုမျိုးမြင်ရတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အရည်အချင်းကောင်းတွေရှိနေပါတယ်။ ဒါပေမယ့် မန်ချက်စတာမှာ အလုပ်မဖြစ်ခဲ့တာတော့ အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။ သူက အရည်အချင်းရှိတဲ့ကစားသမားကောင်းပါ”လို့ ဆာဂျင်မီက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ လူငယ်အကယ်ဒမီနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး သတင်းတွေအရ လာမယ့် ၂၀၂၄ - ၂၅ ရာသီမှာလည်း ရက်ရှ်ဖို့ဒ်အနေနဲ့ ဗီလာမှာဆက်နေရဖို့ များနေပါတယ်။ အသက် ၂၇ နှစ်သားဟာ စပိန်သားနည်းပြအောက်မှာကစားရတာကို ကျေနပ်နေပြီး လာမယ့်ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ချင်နေပါတယ်။
ဗီလာဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် ဘရုဂျက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့မှာ ၃-၁ နဲ့ အနိုင်ယူထားနိုင်ခဲ့ပါတယ်။