The network connection is lost.

Banner Image

ဖိုဖာနာနဲ့ ဘာဒီယာရှီးလ်တို့ရဲ့ စိုးရိမ်ရတဲ့ ဒဏ်ရာအခြေအနေတွေကို အသိပေးလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့အဓိကနောက်ခံလူတွေဖြစ်တဲ့ ဝက်စ်လေဖိုဖာနာနဲ့ ဘာဒီယာရှီးလ်တို့ရဲ့ စိုးရိမ်ရတဲ့ ဒဏ်ရာအခြေအနေတွေကို အသိပေးပြောကြားလာခဲ့ပြီး အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ကတော့ မကြာမီမှာပဲ ကစားနိုင်တော့မယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ချဲလ်ဆီးဟာ ဒီရာသီမှာလည်း အသင်းရဲ့ကစားပုံနဲ့ ရလဒ်တွေကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ထားနိုင်ပေမယ့် ဒဏ်ရာပြဿနာတွေကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ အသင်းရဲ့ အားထားရတဲ့ ဗဟိုခံစစ်မှူး ဖိုဖာနာက တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူသွားရမှာဖြစ်သလို နောက်ထပ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘာဒီယာရှီးလ်ကလည်း ပြန်ကစားနိုင်ဖို့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာက "ဖိုဖာနာနဲ့ ဘာဒီယာရှီးလ်တို့ နှစ်ယောက်စလုံးက လောလောဆယ်မှာ မကစားနိုင်သေးပါဘူး။ အချိန်အတော်ကြာ အနားယူရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဇန်နဝါရီလအတွင်းမှာ အဆိုပါကစားသမား ၂ ဦးပြန်ကစားနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ မာရက်စ်ကာက "ကစားနိုင်မှာပါ။ ရီစီဂျိမ်းစ်ကတော့ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးအစီအစဉ်‌တွေပြုလုပ်ထားနိုင်ပါတယ်။ ဖြည်းဖြည်းချင်းပဲ တိုးတက်နေပါတယ်။ လာမယ့် တနင်္ဂနွေ ဒါမှမဟုတ် နောက်အပတ်တနင်္ဂနွေနေ့မှာ ပြန်ကစားနိုင်မယ်လို့တော့ ပြောလို့မရသေးပါဘူး။ လောလောဆယ်‌တော့ သူ့ကို အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာပဲ ထည့်သွင်းဖို့ စီစဉ်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဖိုဖာနာ၊ ဘာဒီယာရှီးလ်နဲ့ ရီစီဂျိမ်းစ်တို့ ချဲလ်ဆီးအတွက် ကစားနိုင်ခြင်းမရှိသလို ကွင်းလယ်လူ ရိုမီရိုလာဗီယာကလည်း ယခုတစ်ပတ် အဲဗာတန်နဲ့ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေရတယ်လို့သိရပါတယ်။