အင်္ဂလန်ကို သရေကျခဲ့တဲ့ ပွဲအတွင်း အင်္ဂလန်ကစားသမားတစ်ဦးနဲ့ အခိုက်အတန့်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အီလီဆစ်
အင်္ဂလန်အသင်းကို သရေကျခဲ့တဲ့ပွဲအတွင်း နွေးထွေးတဲ့အခိုက်အတန့်တစ်ခုကို ခံစားခဲ့ရကြောင်း ဆလိုဗေးနီးယားစတား အီလီဆစ်က ပြောကြားလိုက်ပါတယ်။ အီလီဆစ်ဟာ အဆိုပါပွဲမှာ နိုင်ငံအသင်းအတွက် ၇၅ မိနစ်အထိ ပါဝင်ကစားပေးခဲ့ပြီး ဆက်စ်ကိုက အဲ့နောက်ပိုင်းမှာ လူစားဝင်လာခဲ့ပါတယ်။
အင်္ဂလန်ကိုသရေကျခဲ့တာကြောင့် ဆလိုဗေးနီးယားအသင်းဟာ တတိယအဆင့်မှာ ရပ်တည်နိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာ ပေါ်တူဂီအသင်းနဲ့တွေ့ဆုံနိုင်ချေရှိနေပါတယ်။ ဒါပေမယ့် အီလီဆစ်အတွက်တော့ နောက်ဆုံး ၄ နှစ်အတွင်း စိတ်ပိုင်းဆိုင်ရာကြောင့် ဘောလုံးလောကကနေ ၂ ကြိမ်တိုင် အနားယူခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၆ နှစ်သားဟာ ၂၀၂၀ တုန်းက ကိုဗစ်ကြောင့် ကစားသမားဘဝကနေ နားခဲ့ရသလို အဲ့နောက် ပြန်လာချိန်မှာလည်း ၂၀၂၁ - ၂၂ ရာသီဝက်ကို အနားယူခဲ့ရပါတယ်။ အဆိုပါအခြေအနေတွေကြောင့် အတ္တလန္တာစတားဟောင်းဟာ နိုင်ငံအသင်းအတွက် ၂၀၂၁ ကတည်းက ပါဝင်ခွင့်မရတော့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုယူရိုပြိုင်ပွဲမှာတော့ နိုင်ငံအသင်းအတွက် ပါဝင်ခွင့်ရရှိခဲ့ကာ ပွဲအပြီးမှာ အီလီဆစ်က အင်္ဂလန်စတား ရိုက်စ်နဲ့အခြေအနေကို ပြန်လည်ပြောပြခဲ့ပါတယ်။
“ကျွန်တော် ညိုးငယ်စွာနဲ့ ကျေနပ်မိပါတယ်။ ဒီနေ့ကျွန်တော်ကွင်းထဲဝင်လာချိန်မှာ သူက ကျွန်တော့်ကိုအများကြီးပြောခဲ့သလို လေးစားမှုလည်း ပေးခဲ့ပါတယ်။ အဲ့တာက ကျေနပ်စရာပါ။ တစ်ကမ္ဘာလုံးက ကျွန်တော့်အကြောင်းသိပါတယ်။ အာဆင်နယ်ကစားသမားတစ်ဦးလေလို့ သူက ရိုက်စ်ဖြစ်ကြောင်း အတည်မပြုခင်ပြောကြားခဲ့ပါတယ်။ ဒီခံစားချက်က ရှင်းပြဖို့ခက်ခဲသလို အဲ့တာက ကျွန်တော့်အတွက် အများကြီးအကျိုးရှိခဲ့ပါတယ်။ ကျွန်တော် ဘယ်တော့မှ ရပ်တန့်မှာမဟုတ်သလို ဒီလိုပွဲ ဒီလိုရလဒ်မျိုးထွက်ပေါ်အောင်လည်း ကျွန်တော်လုပ်ဆောင်ပေးချင်ပါတယ်။ ကျွန်တော် ဒီအသင်းကလူတွေနဲ့ အရင်နှစ်တွေကတည်းက ကစားခဲ့တာပါ။ သူတို့ ကျွန်တော့်အကြောင်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်ဘယ်လောက်အသင်းကို ကူညီနိုင်လဲဆိုတာ သူတို့သိပါတယ်။ မှန်ပါတယ်။ ကျွန်တော်က အကိုကြီးတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော့်အသင်းမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကလေးတွေမရှိတော့ပါဘူး။ သူတို့ကိုအကြံအများကြီးပေးနိုင်သလို သူတို့ကို ကူညီနိုင်ပါတယ်။ ကျွန်တော့်ကစားသမားဘဝအတွေ့အကြုံကောင်းတွေကြောင့် သူတို့ကိုအကြံပေးပြီး ကူညီနိုင်ပါတယ်”လို့ အီလီဆစ်က ပြောကြားခဲ့ပါတယ်။