The network connection is lost.

Banner Image

နောက်ဆုံးအဆင့်ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်နေတဲ့ တာစတီဂျန်

သတင်းတွေအရ ဘာစီလိုနာဂိုးသမား တာစတီဂျန်တစ်ယောက် နောက်ဆုံးအဆင့် ပြန်လည်ကြံ့ခိုင်မှုတွေလုပ်ဆောင်နေပြီလို့ သိရပါတယ်။ စက်တင်ဘာလတုန်းက ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ၆ လလောက်ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာသေးခင်တုန်းက လေ့ကျင့်ခန်းပြန်ဆင်းတာကြောင့် နွေရာသီမှာပြန်ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အသက် ၃၂ နှစ်သားပြန်လာနိုင်တာက ဘာစီလိုနာအတွက် သတင်းကောင်းဖြစ်သလို လက်ရှိမှာလည်း ဘာစီလိုနာက လာလီဂါ ၊ ကိုပါဒယ်ရေး နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကန်နေရတာဖြစ်ပါတယ်။ လက်ရှိမှာ ဦးစားပေးဂိုးသမားအဖြစ် ဆက်ဇနီသာရှိနေတာကြောင့် တာစတီဂျန်ပြန်လာခဲ့ရင် အလှည့်ကျအသုံးပြုလို့ရနိုင်တာဖြစ်ပါတယ်။

“ဂိုးသမားတစ်ဦးတည်းသာကစားနိုင်ပါတယ်။ အခုချိန်မှာက ဒီလိုအရာတွေပြောရမယ့်အချိန်မဟုတ်ပါဘူး။ အသင်းအနေနဲ့ တူညီတဲ့လမ်းကြောင်း နဲ့ တူညီတဲ့စွမ်းဆောင်ရည်တို့နဲ့အတူ ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ ပွဲအနည်းငယ်ရှိနေပါတယ်။ ကျွန်တော်တို့ အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။

အခုချိန်က ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်ရမယ့်အချိန်ပါ။အသင်းအတွင်းကိုပြန်လာရမယ့်အချိန်ပါ။ အဲ့တာက ခံစားချက်တွေပါ။ တကယ်လို့ ကျွန်တော်အဆင်ပြေတယ်ဆိုရင် ဖလစ်နဲ့စကားပြောပါတယ်။ ကျန်တာက သူဆုံးဖြတ်ရမှာပါ။ ဆက်ဇနီက အကောင်းဆုံးစွမ်းဆောင်နေပါတယ်။ သူ့မှာကိုယ်ရည်ကိုယ်သွေး ၊ အတွေ့အကြုံရှိပါတယ်။ လူသားတစ်ဦးအနေနဲ့ သူက ကလေးတွေကို နေ့တိုင်းကူညီနေပါတယ်။

သူ့ကိုခေါ်ယူနိုင်လိုက်တာက အသင်းအတွက် အရမ်းကောင်းပါတယ်။ လက်ရှိစွမ်းဆောင်ရည်မျိုး သူဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ တာစတီဂျန်က ပြောကြားခဲ့ပါတယ်။ဧပြီလမကုန်ခင်မှာ တာစတီဂျန်ပြန်လာနိုင်ဖို့ အခြေအနေကောင်းနေပြီး ယခင်သတင်းတွေအရ  ဖလစ်က လက်ကျန်ရာသီဂိုးပေါက်ကို ဆက်ဇနီနဲ့သာ ဆက်သွားချင်နေတယ်လို့ သိရပါတယ်။