The network connection is lost.

Banner Image

အန်းစလော့ရဲ့ အသင်းကစားသမားတွေအပေါ် ထားရှိတဲ့ အမြင်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ လီဗာပူးကြယ်ပွင့်

လီဗာပူးဘယ်အစွန်နောက်ခံလူရော်ဘတ်ဆန်က အန်းစလော့ရဲ့ပွဲစဉ်တွေအပေါ် ချဉ်းကပ်ပုံကို ဖွင့်ဟပြောပြခဲ့ပါတယ်။ ဒါ့အပြင် စကော့တလန်နောက်ခံလူက သူတို့နည်းပြရဲ့အမြင်မှာ ဘယ်ကစားသမားမှ ပြီးပြည့်စုံမှုရှိမနေဘူးလို့ အတိအလင်းဝန်ခံခဲ့ပါတယ်။

အန်းစလော့လက်အောက် အဖွင့်ရာသီမှာပဲ မာဆေးဆိုဒ်သားတွေက အထူးပုံစံကောင်းပြသနေပြီး ယာဂန်ကလော့ပ်ထွက်ခွာသွားမှုကြောင့် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းထိခိုက်မှုမရှိခဲ့ဘူးလို့ ယူဆနိုင်ပါတယ်။ ကြိုးကြာနီတွေက အနီးဆုံးပြိုင်ဘက် အာဆင်နယ်ထက် တစ်ပွဲလျော့ကစားပြီး ခြောက်မှတ်အသာစီးရယူကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ 

အန်းစလော့ရဲ့အသင်းက Boxing Day မှာလည်း လက်စတာအသင်းကို ဂတ်ပို၊ ကာတစ်ဂျုံးစ်၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်အပြီး ရော်ဘတ်ဆန်ဆီ ပွဲကြိုကာလတွေမှာ အန်းစလော့ ဘယ်လိုပြင်ဆင်တက်သလဲဆိုတဲ့မေးခွန်းတွေ ရောက်ရှိလာပါတယ်။

စကော့တလန်လက်ရွေးစင်ကစားသမားက “အန်းစလော့က ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ကစားသမားတွေရဲ့ အခန်းကဏ္ဍကို ထိန်းညှိပေးလေ့ရှိပါတယ်။ နည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ အန်းစလော့က မယုံကြည်နိုင်စရာ နည်းပြတစ်ဦးပါ။ နည်းပြဆီက တောင်းဆိုမှုတွေ များပြားပါတယ်။ သူ့ရဲ့အမြင်မှာ ကျွန်တော်တို့ကစားသမားတွေကို အတော်လေးပြီးပြည့်စုံမှုရှိနေတယ်လို့ မယူဆထားပါဘူး။ ဒါကပဲ ကျွန်တော်တို့ လိုချင်တဲ့အရာဖြစ်ပါတယ်။ 

သီတင်းပတ်တိုင်းမှာ မတူညီတဲ့နည်းလမ်းတွေနဲ့အတူ ကစားသွားရပါမယ်။ တရာသီလုံးလည်း ဒီလိုပဲ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ အတော်လေးအသားကျနေပါပြီ။ ဒီအတိုင်းပဲ ဆက်လုပ်သွားရပါမယ်။ ဒီဇင်ဘာလိုကာလမျိုးမှာ ဘယ်ဆုဖလားမှ လက်ထဲမရောက်လာသေးပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ အန်းစလော့ရဲ့အသင်းက မနက်ဖြန်(တနင်္ဂနွေနေ့)မှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဘောလုံးကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားသွားရပါမယ်။