The network connection is lost.

Banner Image

ဒေါ့မွန်နှင့်ပွဲက ဒဏ်ရာကြောင့် အနားယူရတော့မယ့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း

ဒေါ့မွန်နှင့်ကစားခဲ့တဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာတံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်က အတည်ပြုခဲ့ပါတယ်။

ဒီရာသီ ၁၉ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ ထိပ်တန်းတိုက်စစ်မှူးဟာ ကလပ်ဆေးအဖွဲ့ရဲ့စစ်ဆေးမှုအပြီး လက်ရှိအချိန်မှာ အနားယူရတော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ကိန်းရဲ့ဒဏ်ရာပြင်းထန်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်နေသော်လည်း နောက်ထပ်အကဲဖြတ်ရန် လိုအပ်တယ်လို့ ပွဲအပြီးတွင် ပြောကြားခဲ့ပါတယ်။

ယမန်နေ့ နံနက်ပိုင်းက ဂျာမန်ချန်ပီယံအသင်းရဲ့ ထုတ်ပြန်ချက်တွင် "ဟယ်ရီကိန်းဟာ ယမန်နေ့က ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနှင့်ပွဲမှာ ညာဘက် တံကောက်ကြောတွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် လောလောဆယ်မှာတော့ ကိန်းဟာ အနားယူရမှာပါ" လို့ ပါရှိပါတယ်။

ပိုကယ်ပွဲစဉ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်များအပါအဝင် ပွဲတော်ရက်ကာလမှာ ဘိုင်ယန်မြူးနစ်ဟာ အသင်းရဲ့စတားတိုက်စစ်မှူးကို လက်လွှတ်ထားရမှာဖြစ်ပါတယ်။