
ချန်ပီယံလိဂ်ဗိုလ်စွဲနိုင်တဲ့ အသင်း ၃ သင်းကို ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း
ကိန်းဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ်ပွဲကို စတင်ကစားခဲ့တဲ့ပြီး တူချယ်ရဲ့အသင်းဟာ အိမ်ကွင်းမှာ ယူနိုက်တက်နှင့် ကစားခဲ့ရတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဆုဖလား ၃ လုံးရရှိခဲ့ပြီးနောက် မန်စီးတီးဟာ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီရာသီချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ထူးထူးခြားခြား အကြိုက်ဆုံးကိုတွေ့လားလို့ မေးတဲ့အခါ ကိန်းက Marca သို့ "ကျွန်တော်တော့ သေချာမပြောတက်သေးပါဘူး။ ဒါပေမယ့် လက်ရှိချန်ပီယံမန်စီးတီးကို အမြဲတမ်း ထည့်သွင်းထားရမှာပါ" "နောက်ပြီး အံ့ဖွယ်သမိုင်းကြောင်းတွေရှိတဲ့ ရီးရဲလ်မက်ဒရစ်လည်း ရှိနေပြီး ရေပန်းစားနေတဲ့ထဲမှာ ဘိုင်ယန်မြူးနစ်လည်း ရှိမယ်လို့ထင်ပါတယ်" "ဟုတ်ပါတယ်။ ချန်ပီယံလိဂ်က ခမ်းနားတဲ့အသင်းတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ဘာဖြစ်လာနိုင်တယ်ဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ပန်းတိုင်ကတော့ အကောင်းဆုံး လုပ်ဆောင်ပြီး ထိန်းချုပ်နိုင်တာကို ထိန်းပြီးလုပ်သွားဖို့ဖြစ်ပါတယ်" လို့ ကိန်း ကပြောပါတယ်။
မန်စီးတီးက ပြိုင်ပွဲမှာ တခြားအသင်းတွေထက် အဆင့်ပိုနေတယ်လို့ ခံစားရလားလို့ မေးရာမှာ ကိန်းက "ကျွန်တော်တော့ အဲ့ဒီလို မထင်မိပါဘူး" "မန်စီးတီးမှာ တော်တဲ့ကစားသမားတွေရှိပြီး ဂွါဒီယိုလာလို နည်းပြတစ်ဦးရဲ့ ဦးဆောင်မှုနဲ့အတူ သူတို့အသင်းရဲ့ အဆင့်အတန်းဟာ အလွန်မြင့်မားလာတာကို ကျွန်တော်တို့ သိပါတယ်"
"ဘိုင်ယန်ရဲ့အမြင်အရတော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေ အပေါ်မှာမဟုတ်ဘဲ ထိန်းချုပ်နိုင်တဲ့အရာကို အာရုံစိုက်ပါတယ်။ မန်စီးတီးနဲ့တွေ့ရင် ကျွန်တော်တို့က အဆင်သင့်ဖြစ်နေမှာပါ" "ဒါပေမယ့် ကလပ်အသင်းကြီးတွေ အားလုံးက ဒါကိုအနိုင်ရဖို့ ရည်မှန်းချက်တွေ ရှိနေပြီး ဘိုင်ယန်မြူးနစ်က လည်း ချန်ပီယံလိဂ်ကို အာရုံစိုက်ပါလိမ့်မယ်။ အဲဒါအတွက် သူတို့က ကျွန်တော့်ကို ခေါ်ယူထားတာပါ" "တကယ်ကို ရှုပ်ထွေးလှတဲ့ ပြိုင်ပွဲတစ်ခုလို့ ဆိုနိုင်ပေမယ့် ဒီကလပ်ရဲ့ ရည်ရွယ်ချက်က ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ဖြစ်ပါတယ်" "ဥရောပမှာ ဘိုင်ယန်မြူးနစ်နဲ့ ပထမဆုံးပွဲကစားရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ရည်ရွယ်ချက်က အနိုင်ရဖို့ ဆိုပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာဖြစ်ပြီး အကောင်းဆုံး ခြေလှမ်းကတော့ ဒီနေ့ အောင်ပွဲနဲ့ စတင်ဖို့ပါပဲ" လို့ ပြောပါတယ်။