
ဖိုဒန်က ကွင်းထဲ နေရာစုံကစားနိုင်ပါတယ်လို့ ပြောလာတဲ့ ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက ကွင်းလယ်တိုက်စစ်ကစားသမား ဖီးလ်ဖိုဒန်ဟာ ကွင်းထဲ နေရာစုံကစားနိုင်ပါတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။
ယခုအပတ်အတွင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဖိုဒန်ဟာ မန်စီးတီးမှာ မကစားရတဲ့ ကွင်းလယ်နေရာတွေမှာ မကစားနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ ၂၂နှစ်သားဟာ စကော့တလန်နဲ့ ခြေစမ်းပွဲမှာ ကွင်းလယ်နေရာကနေ ပွဲထွက်လာခဲ့ပြီး ဒီနေရာကလည်း ဂွါဒီယိုလာတစ်ယောက် လူငယ်လေးကို ယမန်နှစ်ရာသီကုန်က အသုံးပြုခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာက "ကျွန်တော်က ဆောက်ဂိတ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။ ကျွန်တော် သူပြောတာကို သဘောမတူနိုင်ပေမယ့် ကွင်းလယ်အပြင်မှာ ကစားခိုင်းနေရင်တော့ သူနဲ့ သဘောတူရမှာပါ။ ဒါပေမယ့် ဖိုဒန်က နေရာစုံကစားနိုင်တယ်ဆိုတာ သူသိပါတယ်။ သူပြောသလိုပဲ ဒီနေရာတွေမှာ အခြားတာဝန်ယူမှုရှိရမှာဖြစ်ပြီး ဘောလုံးမကိုင်ထားချိန် ဉာဏ်သုံးပြီး ကစားဖို့၊ ဘောလုံးလမ်းကြောင်းကို မိနစ်တိုင်းတွက်ချက်နေဖို့ လိုပါတယ်။ ဒါပေမယ့် ဖိုဒန်က တိုက်စစ် ငါးနေရာလောက်မှာ ကစားနိုင်ပါတယ်။ ခြေစမ်းပွဲတုန်းကလည်း သူ ညာတောင်ပံကနေ အထဲကို ဆွဲဝင်တဲ့ပုံစံမျိုး ကစားလာတာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ သူ့ကို ဘယ်နေရာ သုံးမယ်ဆိုတာက ပြဿနာကြီး မဟုတ်တော့ပါဘူး။ သူ့ကို တိုက်စစ်ကို ထည့်သုံးရင် ခံစစ်ပိုင်းတာဝန်ယူမှုတော့ လျော့သားမှာပါ။ ဖိုဒန်က တိုးတက်ချင်စိတ်ရှိသူဖြစ်တာကြောင့် သူ အများကြီး တိုးတက်လာဦးမှာပါ"လို့ ဆိုခဲ့ပါတယ်။