The network connection is lost.

Banner Image

ပြိုင်ဘက်အသင်းနည်းပြကို ချီးကျူးစကားဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်နဲ့ပွဲမတိုင်ခင် နည်းပြဖြစ်သူ အာတီတာဟာ ထူးခြားပြောင်မြောက်လွန်းတဲ့နည်းပြလို့ ချီးကျူးလိုက်ပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ဥရောပမှာ ရင်ဆိုင်ရအခက်ဆုံးအသင်းတွေထဲကတစ်သင်းလို့လည်း အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးထက် အာဆင်နယ်ဟာ စီးတီးကို ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ ချန်ပီယံဆုအတွက် အကောင်းဆုံးဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၅ ကြိမ်ထိပ်တိုက်ရင်ဆိုင်ထားရာမှာလည်း အရေးနိမ့်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံထားတာက လွန်ခဲ့တဲ့ ၇ လတုန်းကဖြစ်ပြီး အာဆင်နယ်က အမ်းမရိတ်မှာ ၅-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အာတီတာဟာ အခုနွေရာသီမှာ အီဇီး ၊ ယိုကရက်စ်တို့လိုကစားသမားတွေနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ထားခဲ့ပါတယ်။ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ဂွါဒီယိုလာက လက်ထောက်နည်းပြဟောင်းဟာ အံ့ဖွယ်လို့ ချီးကျူးခဲ့ပါတယ်။

 “နောက်ဆုံး ၁၅ ကနေ ၂၀ မိနစ်အတွင်းမှာ အခက်ခဲဆုံးပါ။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကိုတောင် မေ့သွားပါတယ်။ အဲ့တာပြီးရင် အာဆင်နယ်အတွက် လွယ်ကူစေပါတယ်။
အာဆင်နယ်မှာ မယုံကြည်နိုင်စရာကောင်းတဲ့လူစာရင်းရှိပါတယ်။ ကျွန်တော်တို့ဒီရာသီမှာ ပိုစိန်ခေါ်မှုများနိုင်ပါတယ်။ အာတီတာက အံ့ဖွယ်နည်းပြတစ်ဦးပါ။

အပြောင်းအရွှေ့ ၄ ခု ဒါမှမဟုတ် ၅ ခုလောက်အတွင်း သူတို့မယုံကြည်နိုင်စရာကောင်းတဲ့အသင်းဖြစ်လာပါတယ်။ ပြီးတော့ လက်ရှိဥရောပရဲ့ရင်ဆိုင်ရအခက်ခဲဆုံးအသင်းတွေထဲကတစ်သင်းလည်းဖြစ်လာပါတယ်။

တစ်ဆင့်ချင်း ၊ အပြောင်းအရွှေ့တစ်ခုချင်းသွားနေတာပါ။ အာဆင်နယ်က ပိုကောင်းလာပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ ဥရောပမှာအကောင်းဆုံးစွမ်းဆောင်ပြနိုင်ပါတယ်။ ကျွန်တော့်အတွက် သူတို့က တောင့်တင်းတဲ့အသင်းလို့မြင်သလို အမှားလည်းမလုပ်ပါဘူး။ သူတို့တိုက်စစ်မှာ ရွေးချယ်စရာပိုများလာသလို တည်ကန်ဘောကလည်း နီကိုလက်ပ်စ်ယိုဗာနဲ့အတူ အောင်မြင်လာပါတယ်။ ကျွန်တော်တို့ဘာလုပ်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပြီး ဘယ်ကစားသမားတွေကြံ့ခိုင်မှုပြည့်ဝလဲဆိုတာ ကြည့်ရပါမယ်။

နိုင်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ကစားသမားတွေကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်းဖြစ်သလို ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာပါတယ်။ အထူးသဖြင့်နောက်ဆုံးမိနစ် ၂၀ ကနေ ၂၅ မိနစ်အတွင်းမှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ၅ ပွဲမှာ ချန်ပီယံလိဂ်အပါအဝင် ၄ ပွဲအထိအနိုင်ရရှိထားပြီး ခံစစ်က ၁ ဂိုးသာပေးထားခဲ့ရကာ တိုက်စစ်က ၁၁ ဂိုးရရှိထားပါတယ်။ညလာမယ့်စီးတီးနဲ့ပွဲမှာလည်း အာဆင်နယ်က လက်ရှိရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။