၀က်စ်ဟမ်းနည်းပြနေရာအတွက် ရေပန်းစားနေတဲ့ ဂရေဟမ်ပေါ်တာ
ချဲလ်ဆီးအသင်းနည်းပြဟောင်း ပေါ်တာတစ်ယောက် ဝက်စ်ဟမ်းအသင်းနည်းပြနေရာအတွက် ရေပန်းစားနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းဟာ နည်းပြ လိုပက်တီဂူကို ထုတ်ပယ်ပြီး နည်းပြသစ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ သတင်းတွေအရ ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာဟာ လိုပက်တီဂူနေရာအတွက် ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ပေါ်တာဟာ ပီအက်ဖ်အေကျောင်းရဲ့ဘောလုံးအတွေးအခေါ်ဆိုင်ရာ co-director အဖြစ် တာဝန်ယူရတော့မှာဖြစ်ပါတယ်။ ပေါ်တာဟာ ၂၀၀၅ ခုနှစ်က Open University ကနေ ပီအက်ဖ်အေရဲ့အထောက်အပံ့နဲ့ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။ “အဆုံးသတ်မှာ ပညာရေးက ကျွန်တော့်ကို ပိုကောင်းတဲ့လူတစ်ဦး နဲ့ ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လာစေပါတယ်။ ဘောလုံးမှာ တစ်ချို့အချိန်တွေပွဲအရေးနိမ့်မယ်ဆိုရင် တစ်ပတ်လုံးခံစားချက်မကောင်းတော့ပါဘူး။
လေ့လာမှုတွေက ကျွန်တော့်ကို တစ်စုံတစ်ခုအတွက် အောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့ခံစားချက်မျိုးပေးပါတယ်။ ဘယ်သူမှ အဲ့တာကိုခင်ဗျားဆီကနေ မယူနိုင်ပါဘူး။ ခင်ဗျားမှာ အဲ့အရည်အချင်းရှိနေမှာပါ။ ဒါကြောင့် အဲ့တာက ဘောလုံးရပ်ဝန်းမှာ ခင်ဗျားကိုမျှတစေပါတယ်။ ပီအက်ဖ်အေကလည်း အဲ့တာကို လုပ်ခဲ့တဲ့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
ကစားသမားတွေ တိုးတက်အောင် အရည်အချင်းရှိလာအောင် ထောက်ပံ့ရလို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်လည်း ဒါကိုထောက်ပံ့ရတာ ပျော်ပါတယ်။ အဲ့တာက ခင်ဗျားကို ဗဟုသုတပေးစွမ်းပါတယ်။ ကျွန်တော့်ဘွဲ့ဆိုရင်လည်း ပီအက်ဖ်အေရဲ့အကူအညီနဲ့ရခဲ့တာပါ”လို့ ပေါ်တာက ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ပေါ်တာနဲ့ဆွေးနွေးနေပြီး လိုပက်တီဂူအနေနဲ့ ဗီလာနဲ့အက်ဖ်အေပွဲက နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်။
တကယ်လို့ပေါ်တာအနေနဲ့ ဝက်စ်ဟမ်းရဲ့ကမ်းလှမ်းမှုကို သဘောတူခဲ့မယ်ဆိုရင် ဝက်စ်ဟမ်းဘက်က လိုပက်တီဂူကို ချက်ချင်းထုတ်ပယ်ဖွယ်ရှိနေပါတယ်။ ပေါ်တာဟာ ဒီဇင်ဘာတုန်းက လိုပက်တီဂူနေရာကို အစားထိုးဖို့ နီးစပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က ဝုဗ်နည်းပြဟောင်းကို အချိန်ဆက်ပေးထားခဲ့တာဖြစ်ပါတယ်။
အဲ့ကတည်းက ဝက်စ်ဟမ်းဟာ တိုးတက်လာခဲ့ပြီး ၄ ပွဲဆက်ရှုံးပွဲမရှိခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲမှာ လီဗာပူး နဲ့ စီးတီးတို့ကိုအရေးနိမ့်ခဲ့ပါတယ်။ ပေါ်တာကတော့ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် နည်းပြလောကထဲပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။