The network connection is lost.

Banner Image

ရော်နယ်ဒိုတစ်ယောက် နောက်တစ်ဆင့်မတက်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ဂယ်ရီနဗီးလ် ထုတ်ဖော်ပြောကြား

အင်တာဗျူးတစ်ခုမှာ ဂယ်ရီနဗီးလ်က ဆိုးလ်ရှားလက်အောက်မှာ ပေါ်တူဂီသားအခြေအနေအဆင်မပြေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 
ယူနိုက်တက်ဂန္ထဝင်ဟောင်းက ပေါ်တူဂီသားအနေနဲ့ ခေါင်းဆောင်ပိုပီသခဲ့တယ်လို့ ပြောကြားခဲ့သလို အဲဗာတန်ကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပွဲထွက်လူစာရင်းမှာထက် အရန်ခုံမှာသာ ပါဝင်ခွင့်ရရှိခဲ့တာကို ပြန်လည်ပြောပြခဲ့ပါတယ်။
 
“ကျွန်တော် ရော်နယ်ဒိုကို အရန်ခုံမှာမြင်တော့ သူက ကင်မရာကို အခုလိုအရာတွေ လုပ်ပြနေပါတယ်။ အဲ့တာက ခက်ခဲပါတယ်။ အဲဗာတန်နဲ့ပွဲအပြီးမှာ အိုလီက သူ့ကိုပထမဆုံးအကြိမ်လူစာရင်းကနေ ထုတ်ပယ်တာပါ။ ကျွန်တော် သူလမ်းလျှောက်ထွက်သွားတာကို သတိရမိပါတယ်။ အိုလီကို စိတ်ပျက်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အသင်းဖော်ဟောင်းဖြစ်နေတာကြောင့်ပါ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
 
ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ဒုတိယအကြိမ်ပြန်ရောက်လာပြီးနောက် သွင်းဂိုးအများအပြားနဲ့ကူညီပေးနိုင်ခဲ့ပေမယ့် အသင်းစွမ်းဆောင်ရည်က ဆိုးဝါးနေခဲ့တာဖြစ်ပြီး လက်စတာ၊ လီဗာပူးနဲ့ မန်စီးတီးတို့ကို အရေးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားအတွက် ဖိအားတွေစတင်လာခဲ့ပါတယ်။ အဲ့နောက် ဝက်ဖို့ဒ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားတစ်ယောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
 
“သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ သူက အောင်မြင်မှုတွေအများကြီး ရယူနိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် အဲ့တာက အဝတ်လဲခန်းထဲမှာ သူ့အနေနဲ့ အိုလီ နဲ့ အသင်းဖော်တွေကို ဦးဆောင်နိုင်ခဲ့သင့်တာပါ။ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ သူက အဝတ်လဲခန်းထဲ ခေါင်းဆောင်တစ်ဦးအဖြစ် ရှိသင့်တာပါ။ ဒါပေမယ့် သူမရှိခဲ့ပါဘူး။ ဒါကြောင့် ဒီလိုမျိုးအခြေအနေတွေဖြစ်လာခဲ့တာပါ”လို့ နဗီးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
နဗီးလ်က အခုလိုမျိုးပြောကြားခဲ့ပေမယ့်လည်း ဆိုးလ်ရှားကတော့ သူနဲ့ရော်နယ်ဒိုကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
 
“ကျွန်တော်နဲ့ ရော်နယ်ဒိုကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလို ၂ ဦးကြား လေးစားမှုလည်းရှိပါတယ်။ ကျွန်တော်အဲ့မှာရှိနေတုန်းက စိတ်ပျက်မှုတွေဖြစ်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်”လို့ နော်ဝေသားက ပြောကြားခဲ့ပါတယ်။
 
ရော်နယ်ဒိုဟာ ပွဲပယ်ကနေပြန်လာနိုင်ခဲ့ပြီဖြစ်ကာ လာမယ့်ကြာသပတေးနေ့ အယ်လ်-ရက်ဒ်အသင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။