The network connection is lost.

Banner Image

တန်ဟက်ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ့်ပွဲ ၂ ပွဲကို ပြောကြားလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က တန်ဟက်အတွက် လာမယ့်လီဗာပူး အသင်းနဲ့ပွဲက ခက်ခဲနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဆာဂျင်မီရောက်လာမှုနဲ့အတူ နယ်သာလန်သားရဲ့ယူနိုက်တက်မှာ ဆက်ရှိနေပေမယ့် အနာဂတ်အခြေအနေက မသေချာသေးတာဖြစ်ပါတယ်။ နောက်ကွယ်မှာ ပြောင်းလဲမှုတွေရှိခဲ့သလို အခုချိန်မှာလည်း ရလဒ်တွေဆိုးဝါးနေတာကြောင့် တန်ဟက်ရဲ့အနာဂတ်က စိတ်မချရသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာဒါဘီမှာ စီးတီးကို အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်က ခက်ခဲနိုင်ပြီး နဗီးလ်က တန်ဟက်ရဲ့ကစားဟန်ကို စိုးရိမ်နေပါတယ်။

“တန်ဟက်လက်အောက်မှာ ဘယ်လိုလုပ်ဘောလုံးမကစားနိုင်လဲဆိုတာ ကျွန်တော်စဉ်းစားမရဖြစ်မိပါတယ်။ ကျွန်တော် မယုံကြည်နိုင်လည်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တန်ဟက်လုပ်ပြခဲ့တာကို မြင်ခဲ့ပြီးပါပြီ။ စီးတီးနဲ့ပွဲမှာ အိုလီတစ်ယောက် တော့တင်ဟမ်နဲ့ ပွဲလုပ်ခဲ့သလိုမျိုး ၃-၅-၂ နဲ့ ကစားခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလား နဲ့ ပရီးမီးယားလိဂ်မှာ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးနဲ့ကန်ရမှာဖြစ်ပြီး နဗီးလ်က အဆိုပါ ၂ ပွဲဟာ တန်ဟက်ရဲ့ အနာဂတ်နဲ့ပတ်သက်နေတယ်လို့ ယုံကြည်နေပါတယ်။

“တန်ဟက်အတွက်တော့ ခက်ခဲတဲ့ရက်သတ္တပတ်တွေဖြစ်လာတော့မှာပါ။ ကျွန်တော်တို့ လီဗာပူးကို ၃ ပတ်အတွင်းမှာ ၂ ကြိမ် ကန်ရမှာဖြစ်ပြီး အဆိုပါပွဲက သူ့အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ လီဗာပူးကိုအဝေးကွင်းမှာ အရေးနိမ့်တာက ဆိုးဝါးပါတယ်။ ဒါပေမယ့် အခုက အိမ်ကွင်းပရိသတ် ၇၃၀၀၀ လောက်ရှေ့မှာ ၂ ကြိမ်ကန်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ လီဗာပူးက သူတို့ပရိသတ် ၇၀၀၀ လောက်နဲ့လာကန်ပြီး အနိုင်ရခဲ့မယ်ဆိုရင် အဲ့တာက ပိုဆိုးနိုင်ပါတယ်။ ရာသီက ပြီးဆုံးခဲ့ပါပြီ။ တကယ်လို့ အက်ဖ်အေမှာကော ပရီးမီးယားလိဂ်မှာပါ လီဗာပူးကို အနိုင်ကန်နိုင်မယ်ဆိုရင် တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ကန်နိုင်လိမ့်မယ်လို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့နဲ့ကန်ရမှာက တကယ့်ကိုပွဲကြီးပွဲကောင်းပါ။ တကယ်လို့ ၂ ကြိမ်စလုံး အရေးနိမ့်ခဲ့ရင်တော့ တန်ဟက်တစ်ယောက် အထုတ်ခံရနိုင်ချေများပါတယ်”လို့ နဗီးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။