မာဂယ်ဟေးစ်ရဲ့ စိုးရိမ်စရာ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက မနေ့ည ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ လူစားလဲခဲ့ရတဲ့ နောက်ခံလူ ဂါဘရီရယ်မာဂယ်ဟေးစ်ရဲ့ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟလာခဲ့ပါတယ်။မာဂယ်ဟေးစ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သလို သူ့ကြောင့်လည်း အာဆင်နယ်က ပင်နယ်တီကန်ခွင့်တစ်ကြိမ် ရရှိခဲ့ပါတယ်။
ဒါပေမယ့် ပင်နယ်တီရရှိခဲ့တဲ့ အဖြစ်အပျက်မှာ ဝက်စ်ဟမ်းဂိုးသမား ဖေဘီယန်စကီးက ဘရာဇီးသားကို ထိုးမိသလိုဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်းအစမှာ ကီဝီအောနဲ့ လူစားလဲခဲ့ရပါတယ်။ပွဲအပြီးမှာတော့ အာတီတာက မာဂယ်ဟေးစ်ကို လူစားလဲခဲ့တာဟာ ဖေဘီယန်စကီးကြောင့်မဟုတ်ဘဲ စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်က ဒဏ်ရာကြောင့်ဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
အာတီတာက "သူ့ကို လူစားလဲလိုက်တာက စပို့တင်းနဲ့ပွဲစဉ်က ဒဏ်ရာကြောင့်ပါ။ သူက အဲ့ဒီဒဏ်ရာကို ပြန်ခံစားနေရပါတယ်။ သူခံစားနေရတဲ့ အခြေအနေကြောင့် ကျွန်တော်တို့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။"လို့ ပြောခဲ့ပါတယ်။အဲ့ဒီနောက် အာတီတာက တောင်ပံကစားသမား ဆာကာကို လူစားလဲခြင်းဟာလည်း ကြိုတင်ကာကွယ်မှုသာ ဖြစ်တယ်လို့ ပြောခဲ့သလို ကာလာဖီအိုရီကလည်း အသေးစားဒဏ်ရာတွေရှိနေတာကြောင့် စောစောစီးစီး အနားပေးခဲ့တာလို့လည်း ပြောပြခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးညမှာတော့ ယူနိုက်တက်နဲ့ ပွဲကြီးပွဲကောင်း ဆက်ကစားရမှာ ဖြစ်ပါတယ်။