The network connection is lost.

Banner Image

ဆော်ဒီမြေကိုပြောင်းဖို့ ပြင်ဆင်မှုတွေစတင်လာတဲ့ ဘာစီလိုနာစတားရဲ့အေးဂျင့် အလီဒါဆန်

အေအက်သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာစတား ဒီဂျောင်ရဲ့အေးဂျင့် အလီဒါဆန်ဟာ ဆော်ဒီမြေကိုပြောင်းဖို့ ပြင်ဆင်လာတယ်လို့ ဆိုပါတယ်။ ဆော်ဒီလိဂ်ရဲ့တည်ငြိမ်လာမှု နဲ့ ရေရှည်မှာ တိုးတက်လာနိုင်ချေရှိတဲ့အနေအထားတွေအပြင် လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားကျင်းပမယ့်အနေအထားကြောင့် ထိပ်တန်းကစားသမားတော်တော်များများကို ဆွဲဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေထိုင်မှု နဲ့ ယဉ်ကျေးမှုအနေအထားတွေကြောင့် ဆွေးနွေးမှုတွေတော့ မရှိသေးတာဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ခုနှစ်မှာ ဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဂျောင်က လာလီဂါမြေကနေထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စိန်ခေါ်မှုတွေရှိနေပြီး ကစားသမားကိုဆက်ထိန်းထားချင်နေပေမယ့် လုပ်ခလစာလျော့ယူရမယ့်အနေအထားဖြစ်ပါတယ်။ လက်ရှိအသားတင်ဝင်ငွေက တစ်ရာသီကို ယူရို ၉ သန်းရှိနေပြီး သစ္စာရှိကြေးက ယူရို ၄.၂ သန်း ၊ အခြားဝင်ငွေက ယူရို ၂ သန်း ၊ တစ်ရာသီအတွင်း ပွဲအားလုံးရဲ့၆၀% ပြည့်ခဲ့ရင်ရရှိမှာလည်း ရှိနေသေးတာဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေကို ဘာစီလိုနာအနေနဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် လျော့ချရမှာဖြစ်ပါတယ်။ ဆော်ဒီလိဂ်ကတော့ ဒီဂျောင်လက်ရှိရရှိနေတဲ့လုပ်ခလစာတွေထက် များပြားစွာရရှိနိုင်သလို ဘဏ္ဍာရေးလည်း တောင့်တင်းတာကြောင့် ဆွဲဆောင်မှုရှိနေပါတယ်။ ဘာစီလိုနာတာဝန်ရှိသူတွေကတော့ ဒီဂျောင်အနေနဲ့ စာချုပ်သစ်ကို လက်မခံခဲ့ရင် ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၂၂ တုန်းကလည်း ဘာစီလိုနာဟာ ဒီဂျောင်ကို ရောင်းထုတ်ပြီး သူ့နေရာမှာ ကားလို့စ်ဆိုလာကို အစားထိုးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဒီဂျောင်အနေနဲ့ ၂၀၂၆ မတိုင်ခင် စာချုပ်သစ်ကို ပယ်ချခဲ့ရင် ဘာစီလိုနာအနေနဲ့ အလွတ်နဲ့လက်လွှတ်ရဖို့များနေပါတယ်။

လာမယ့်လတွေမှာ ဒီဂျောင်အခြေအနေက အရေးပါလာဖွယ်ရှိနေပြီး တကယ်လို့ စာချုပ်သစ်ချုပ်ဆိုခဲ့မယ်ဆိုရင် ဘာစီလိုနာမှာ ဆက်ရှိနေမှာဖြစ်ပြီး မချုပ်ဖြစ်ခဲ့ရင်တော့ ဆော်ဒီမြေကိုပြောင်းဖို့များနေပါတယ်။ အခုချိန်မှာတော့ ဒီဂျောင်တစ်ယောက် ဘာစီလိုနာအသင်းအတွက် ပါဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် မခန့်မှန်းနိုင်တာတွေဖြစ်လာဖို့များနေပါတယ်။