လိုအပ်ချက်တွေရှိပေမယ့် နိုင်ပွဲနဲ့အတူ ယူရိုခရီးစဉ်စတင်လာတဲ့ ပြင်သစ်
သြစတြီးယား ဝ-၁ ပြင်သစ် (ပွဲပြီးရလဒ်)
ပွဲချိန်တလျှောက်လုံး အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ပေမယ့် တိုက်စစ်ပိုင်းကစားသမားတွေရဲ့အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အထူးသဖြင့် ပြင်သစ်အသင်းက နာမည်ကြီးတိုက်စစ်မှူးတွေဖြစ်တဲ့ အမ်ဘာပေ၊ ဂျီရော့ဒ်၊ မားကပ်စ်သူရမ်တို့ရဲ့ အံ့ဖွယ်လွဲချော်မှုတွေကြောင့် ဂိုးပြတ်နိုင်ပွဲနဲ့ဝေးကွာခဲ့ရတာပါ။ အခုပွဲစဉ်ရဲ့အဆုံးအဖြတ်ဂိုးကလည်း ပထမပိုင်းပွဲချိန်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ သြစတြီးယားနောက်ခံလူဝိုဘာရဲ့ o.g ဂိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့လို့ နာမည်ကြီးပြင်သစ်အတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။