The network connection is lost.

Banner Image

လီဗာပူးရဲ့အောင်ပွဲခံအခမ်းအနားအတွင်း ကားနဲ့ဝင်တိုက်လို့ ကလေးငယ် ၄ဦးအပါအဝင် ၄၇ဦး ဒဏ်ရာရ

လီဗာပူးလ်မြို့လယ်ခေါင်ရှိ Water Street မှာ ကားတစ်စီးက လူအုပ်ထဲကို ဝင်တိုက်ခဲ့တာကြောင့် လူအတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ညနေ ၆ နာရီကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လီဗာပူးအသင်းရဲ့ ချန်ပီယံဆု အောင်ပွဲခံပွဲ ပြီးခါနီးအချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ ယာဉ်မောင်းလို့ယူဆရတဲ့ လီဗာပူးလ်က အသက် ၅၃ နှစ်အရွယ် ဗြိတိသျှလူဖြူတစ်ဦးကို ဖမ်းဆီးထားပါတယ်။ အခုဖြစ်ရပ်ကို အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ ယူဆထားပြီး တခြားတစ်ဦးတစ်ယောက်ကိုလည်း လိုက်လံရှာဖွေနေခြင်းမရှိပါဘူး။ ဆေးရုံကို ပို့ဆောင်ခဲ့ရသူ ၂၇ ယောက်ရှိပြီး ၄ ယောက်က ကလေးငယ်တွေဖြစ်ကြပါတယ်။ ဖြစ်ပွားရာနေရာမှာ ၂၀ ယောက်ကိုလည်း ကုသပေးခဲ့ရပါတယ်။