
လာလီဂါချန်ပီယံဆုအောင်ပွဲခံတာနဲ့ပတ်သက်ပြီး ကြီးမားတဲ့ခံစားချက်အပေါ် ဖွင့်ဟပြောကြားလာတဲ့ ဖလစ်
ဘာစီလိုနာနည်းပြ ဖလစ်က လာလီဂါချန်ပီယံဆုအောင်ပွဲခံတာနဲ့ပတ်သက်ပြီး ကြီးမားတဲ့ခံစားချက်အပေါ် ဖွင့်ဟပြောကြားလာသလို လာမယ့်ရာသီတိုးတက်အောင် လုပ်ဆောင်မယ့် သူ့အစီအစဉ်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗီလာရီးရဲလ်ကို ၃-၂ နဲ့ အရေးနိမ့်ပြီးနောက် ဖလစ်က အခုလိုမျိုး မီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဘာစီလိုနာဟာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဂျာမန်သားက စိတ်မပျက်ပဲ မောပန်းနေတာကြောင့်လို့ သူ့အသင်းဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။ ဖလစ်က ပရိသတ်တွေရဲ့အောင်ပွဲခံမှုမှာ ငိုကြွေးအော်ဟစ်အောင်ပွဲခံတာနဲ့အပြင် အလွန်အကျွံတွေရှိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လာမယ့်ရာသီမှာ အသင်းတိုးတက်အောင် လုပ်ဆောင်ရဦးမယ်လို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီမှာ ဆုဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဖလစ်က လာမယ့်ရာသီမှာ အသင်းကိုပိုကောင်းလာစေချင်သလို လိုအပ်တဲ့လူအင်အားဖြည့်တင်းမှုတွေပြုလုပ်ရမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
“ပရိသတ်တွေရဲ့မျက်နှာကို မြင်ချိန်မှာ သူတို့ငိုကြွေးနေတာကိုပါ မြင်ခဲ့ရပါတယ်။ အဲ့တာက ကြီးမားတဲ့ခံစားချက်ပါ။ ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ့်အရာတွေအများကြီးရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အလားအလာရှိနေပါတယ်။ ဒီအသင်းက ဘယ်တုန်းကမှလက်မလျှော့ခဲ့ပါဘူး။အာရုံစိုက်မှုလည်း ရှိခဲ့သလို ပရိသတ်တွေပျော်တဲ့အတွက် ကျေနပ်မိပါတယ်။ ပရိသတ်တွေ နဲ့ ကစားသမားကြားမှာ အခုလိုအောင်ပွဲခံမှုမျိုးမြင်ရတာ အရမ်းလှပပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။
ဗီလာရီးရဲလ်နဲ့ပွဲက ဘာစီလိုနာအတွက် Montjuic ကွင်းဟာ နောက်ဆုံးပွဲမဟုတ်သေးပဲ နူးကမ့်က အဆင့်မြှင့်တင်နေတာကြောင့် လာမယ့်နှစ်စက်တင်ဘာအထိ အဆိုပါကွင်းမှာပဲ ဆက်ကစားရဖို့များနေပါတယ်။