
နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲကလိုမျိုး အာဆင်နယ်နှင့်ပွဲမှာ ထပ်ဖြစ်လို့မရဘူးလို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဖာနန်ဒက်စ်
အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ စတိဗ်ကူပါရဲ့ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမှာ ယူနိုက်တက်ဟာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ သုံးမိနစ်ခွဲ အတွင်း ၂-၀ ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပြီး အလွယ်တကူပဲ ၂ ဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒါက ယူနိုက်တက်ကို ခက်ခဲစေခဲ့ပြီး သူတို့ရဲ့ ဆိုးရွားတဲ့ ရာသီအစ ဖြစ်စေခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့တွင် အမ်းမရိတ်ကွင်း၌ အာဆင်နယ်နှင့် ကစားရမှာဖြစ်ပြီး သရဲနီတွေအတွက် ဖောရက်စ်နှင့်ပွဲကလို come back ပြုလုပ်ခွင့်ကို ဂန်နာတွေက သေချာပေါက် ခွင့်ပြုမှာ မဟုတ်ပါဘူး။ နောက်ပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဖာနန်ဒက်စ်က အသင်းက တိုးတက်ရမယ်လို့ ပြောထားပါတယ်။
"ဒါဟာ ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ စတင်မှုမဟုတ်ပေမယ့် ဘောလုံးကို အကောင်းဆုံး ဆက်လက်ထိန်းသိမ်းပြီး မှန်ကန်တဲ့အရာတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်" "သူတို့က ကစားသမားတွေအများကြီးနဲ့ ကောင်းကောင်း ခံစစ်ကစားခဲ့တာကြောင့် ဖြတ်ကျော်ဖို့ ခက်ခဲပေမယ့် ရလဒ်တစ်ခုထွက်ဖို့ကသာ အရေးကြီးဆုံးပါပဲ" "အခြေအနေတွေကို ပြောင်းလဲဖို့ အချိန်ရှိတယ်ဆိုတာ သိပေမယ့် ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော်တို့က ဘောလုံးကို နောက်တန်းမှာ ထိန်းထားခဲ့ပြီး ယုံကြည်မှုတွေ တိုးလာကာ နောက်ပိုင်းမှာ ပွဲက ကျွန်တော်တို့ဘက်မှာ အမြဲရှိနေခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးကန်သွင်းချက်တွေအများကြီး လုပ်နိုင်ခဲ့ပါတယ်။ ခြုံပြီးပြောရရင် အဲဒီပထမပိုင်း ၄ မိနစ်ကလွဲလို့ စွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်" "ယူနိုက်တက်ကစားသမားဖြစ်ရခြင်းရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့သိပါတယ်။ ဒီအင်္ကျီက အများကြီး တောင်းဆိုမှုတွေရှိနေတာသိရှိပြီး အဲဒါအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အသင်းက ကြီးမားတဲ့ စိတ်ဓာတ်၊ စိတ်အားထက်သန်မှုနဲ့ ဆန္ဒကို ပြသခဲ့ပါတယ်" လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။