The network connection is lost.

Banner Image

အင်္ဂလန်ရဲ့ အရေးအပါဆုံး ကစားသမားက ဘယ်သူလဲဆိုတာ ပြောကြားလိုက်တဲ့ ဖာဒီနန်

ရီယိုဖာဒီနန်က ယူရို ၂၀၂၄ မှာ အင်္ဂလန်ရဲ့ အရေးအပါဆုံး ကစားသမားက ဘယ်သူလဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

ဗုဒ္ဓဟူးနေ့တွင် ခြင်္သေ့သုံးကောင်ဟာ နယ်သာလန်ကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့ရှိပြီးနောက် ဥရောပချန်ပီယံရှစ်ဖိုင်နယ်တွင် စပိန်နှင့် ကစားရတော့မှာဖြစ်ပါတယ်။

 

စပိန်ဟာ ပြိုင်ပွဲအားလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြင်သစ်ကို အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ကာ အဆိုပါပွဲစဉ်မှာ လူငယ်ကစားသမားလေး ယာမယ်က ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

 

အင်္ဂလန်ရဲ့ ကွင်းလယ်တိုက်စစ်က ဖိုင်နယ်ပွဲကို အနိုင်ရဖို့ အခွင့်အရေးရှိဖို့ အဓိကကျပါလိမ့်မယ်။

 

မိုင်နူး၊ ပါလ်မာ နှင့် ဘယ်လင်ဂမ်တို့ အပါအဝင် အင်္ဂလန်ကြယ်ပွင့်များစွာက ယခုအချိန်အထိ အထင်ကြီးလောက်စရာ ကောင်းနေပါတယ်။

 

ဒါပေမယ့် ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်အတွက်ကတော့ ဒီကလန်ရိုက်စ်ဟာ ရုန်းကန်နေရတယ်လို့ တော်တော်များများက ပြောထားပေမယ့် ဒီပြိုင်ပွဲမှာ အသင်းအတွက် အရေးအကြီးဆုံး ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

 

The Rest Is Football သို့ အင်္ဂလန် ကစားသမားဟောင်း က " ဒီကန်ရိုက်စ်က မာကြောတဲ့သူပါ။ သူက ဒီလိုမကစားဘူးလို့တော့လို့တော့ ထင်ပါတယ်"

 

"ဒါပေမယ့် သူမရှိရင် ကျွန်တော်ဘာလုပ်ရမှန်းမသိဘူး။ ဒီအသင်းမှာ ဘယ်သူက အခန်းကဏ္ဍက ပါဝင်နေတာလဲ၊ ဒါက အရေးကြီးတဲ့အချက်ပါ"

 

မိုင်နူးအကြောင်း ပြောရာတွင် သူ့ရဲ့ခြေစွမ်းကို ကြည့်ရှုရတာ ဝမ်းသာပါတယ်လို့ ပြောပြီး "ဒီပြိုင်ပွဲမှာ ကျွန်တော်က သူ့မိသားစုနဲ့ အချိန်တော်တော်လေး ကုန်ခဲ့ပါတယ်"

 

"ပြိုင်ပွဲတစ်ခုမှာ အင်္ဂလန်အတွက် ကစားရတာက ဘယ်လိုလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ဖိအားတွေက အများကြီးပါပဲ။ သူကတော့ ပုံမှန်အတိုင်းပဲ ကစားနေတာဖြစ်ပြီး ဒါဟာ အံ့မခန်းပါပဲ"

 

"သူဟာ စောင့်ကြည့်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ပွဲထဲမှာ တစ်ခုခုကို အမြဲလိုလိုလုပ်တယ်ပါတယ်။ ဒီလိုမျိုး လူတော်တော်များများက မလုပ်နိုင်ပါဘူး။ အဲဒီနေရာတွေမှာ ဖိအားတွေအောက်မှာ ပေါင်းစည်းထားတဲ့ လူအများကြီးလိုမျိုး မဟုတ်ပါဘူး" 

 

"ဖိုဒန်ကလည်း ခြေစွမ်းပြသလာပြီး မန်စီးတီးမှာ မြင်နေရတဲ့ အရိပ်အယောင်တွေ ပြသလာပါတယ်။ဂူဟီဟာ အစကနေ အဆုံး အတည်ငြိမ်ဆုံး စွမ်းဆောင်ထားနိုင်သူပါ။ သူက အရမ်းကိုကောင်းနေပါတယ်။ နောက်ပြီး ဒါဟာသူ့အတွက် ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။