The network connection is lost.

Banner Image

သူ့ရဲ့အိပ်မက်ခေါ်ယူမှုအဖြစ် ယူနိုက်တက်စတားဟောင်းကို လိုချင်နေတဲ့ ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်ဟာ ယူနိုက်တက်ကစားသမားဟောင်း ဗာရာနီကို ခေါ်ယူဖို့ မျက်စိကျနေတာဖြစ်ပါတယ်။ အတွေ့အကြုံရင့် နောက်တန်းကစားသမားဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းက ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် အံ့ဩဖွယ်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အိုးထရက်ဖို့ဒ်ဟာ ၃ ရာသီကြာကစားခဲ့ပြီး ဒဏ်ရာများရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်မှာ လုပ်ပြခဲ့တဲ့အတိုင်း ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်ခဲ့ရကာ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝက အမြင့်ဆုံးမှာ အဆုံးသတ်ခဲ့ရပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအား အနိုင်ရရှိကာ အက်ဖ်အေဖလား ရရှိခဲ့မှုတွင် အကောင်းဆုံး စွမ်းဆောင်မှုကိုပြသခဲ့တာဖြစ်ပြီး ဟာလန်းကို အကောင်းဆုံး ထိန်းချုပ်ပြခဲ့တာဖြစ်ပါတယ်။ ရာသီမကုန်မီကတည်းက အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမှာဖြစ်ကြောင်း ဗာရာနီက အတည်ပြုခဲ့တာဖြစ်ပါတယ်။

"ယူနိုက်တက်ကိုအားပေးတဲ့ ပရိသတ်တွေကို ပြောချင်ပါတယ်။ ဒီလိုထူးခြားတဲ့ကလပ်အတွက် ကစားခွင့်ရရှိခဲ့တဲ့ နှစ်အနည်းငယ်က အရမ်းကို အံ့ဩဖို့ကောင်းခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်သို့ ယူနိုက်တက် ကစားသမားအဖြစ် ပထမဆုံးလာခဲ့တဲ့အချိန်က အရမ်းကို ကောင်းခဲ့ပြီး အားပေးမှုကလည်း အံ့ဩလောက်အောင် ဖြစ်ခဲ့ပါတယ်" "ကလပ်အပေါ် ချစ်မြတ်နိုးခဲ့ပြီး ပရိသတ်တွေကိုပါ ချစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ကစားမယ်ဆိုရင်တော့ ဒါကို ကိုယ်စားပြုနေတယ်ဆိုတာကို နားလည်ရမှာပါ။ ကျွန်တော့်ရဲ့ကလေးတွေကလည်း ဒီမှာ အိမ်လိုဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ဘဝအတွက် အရမ်းကိုထူးခြားတဲ့ နေရာဖြစ်လာတော့မှာပါ" "ပရိသတ်တွေက ဝင်ဘာလေသို့သွားရောက်အားပေးကြတဲ့အခါ ဘဝအတွက် တစ်ခုခုမှတ်မိသလိုဖြစ်ခဲ့ကြပါတယ်။ သူနဲ့အတူ ကာရောင်ဖလားရရှိခဲ့တဲ့ အခိုက်အတန့်ကလည်း အံ့ဩဖို့ကောင်းပါတယ်" "ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့သော်လည်း အနာဂတ်အတွက် အပြုသဘောဆောင်မိပါတယ်။ ပိုင်ရှင်သစ်ကလည်း ရှင်းလင်းနဲ့အစီစဉ် ကောင်းမွန်တဲ့ နည်းဗျူဟာတွေနဲ့ ရောက်လာပါပြီ။ ဒီရာသီရဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ နှုတ်ဆက်ဖို့ အားလုံးနဲ့တွေ့ဆုံလိုပြီး ကျွန်တော့်အတွက် ဝမ်းနည်းဖွယ်ဖြစ်လာမှာ သေချာပါတယ်"လို့ ဗာရာနီက ပြောခဲ့ပါတယ်။

သူက ဘယ်ကလပ်သို့ ပြောင်းမလဲဆိုတာကို မဆုံးဖြတ်ရသေးသော်လည်း ဥရောပနဲ့ ဆော်ဒီပရိုလိဂ်နှစ်ခုစလုံးက သူ့ကို ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ကလည်း ကိုမိုနှင့်အတူ စီးရီးအေသို့ တန်းတက်လာပြီးနောက် သူ့ကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဖာဘရီဇီယိုရိုမန်နိုရဲ့ဖော်ပြချက်အရ ဖာဘရီဂတ်စ်ဟာ ဗာရာနီကို ခေါ်ယူလိုနေတာဖြစ်သော်လည်း ကမ္ဘာ့ဖလားချန်ယံဆုရှင်ကို ဆွဲဆောင်ဖို့ကတော့ ရိုးရှင်းတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သူဟာ အသင်းဟောင်း ချဲလ်ဆီးက ကစားသမားတစ်ဦးကိုလည်းခေါ်ယူလိုနေပြီး ပြီးခဲ့တဲ့ရာသီက ပထမအသင်းသို့ ရောက်လာပြီး အငှားထွက်ခဲ့ရတဲ့ လူငယ်ကစားသမားလေးဖြစ်တဲ့ ဂီလ်ခရစ်ကို လိုချင်နေတာဖြစ်ပါတယ်။