ချဲလ်ဆီးအသင်း လူစာရင်းကို လူကိုယ်တိုင်တောင်းပန်ခဲ့တဲ့ အန်ဇို
တနင်္လာနေ့တုန်းက အသင်းရဲ့ရာသီကြိုခရီးစဉ်ကို ရောက်လာပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်တစ်ယောက် အသင်းသားတွေကို လူကိုယ်တိုင်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အန်ဇိုဟာ ကိုပါအမေရိကဖလား ရယူနိုင်ခဲ့ပြီးနောက် အာဂျင်တီးနား အသင်းဖော်တွေနဲ့ အောင်ပွဲခံခဲ့ရာမှာ လူမျိုးရေးခွဲခြားခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သတင်းတွေအရ ဖာနန်ဒက်ဇ်ဟာ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသိရှင်ကြားကော အတွင်းပိုင်းထဲမှာပါ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ကိုပါအမေရိဖလားရယူနိုင်ခဲ့တာကြောင့် အန်ဇိုဟာ အနားရနေခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အသင်းထံ ပြန်ရောက်လာချိန်မှာတော့ အာဂျင်တိုင်းသားဟာ အသင်းဖော်တွေကို လူကိုယ်တိုင်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်နဲ့ ဒီဆာဆီတို့က အန်ဇိုကို အသင်းဖော်တွေထံ ပူးပေါင်းခွင့်ရအောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တိုင်းသားဟာ လေ့ကျင့်ခန်းခဲ့ပြီးဖြစ်သလို ပြီးခဲ့တဲ့ ၂၄ နာရီမှာလည်း အသင်းဖော်တွေနဲ့ နေ့လည်စာစားခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့အမှားအတွက် တောင်းပန်မှုက အဓိပ္ပာယ်ရှိခဲ့ပြီး ချဲလ်ဆီးဘက်ကတော့ အန်ဇိုရဲ့အခြေအနေကို ပိတ်ပင်ပြီး အသင်းသားတွေနဲ့ရှေ့ဆက်သွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးနဲ့ ဖီဖာတို့ကတော့ အန်ဇိုရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
အန်ဇိုတစ်ယောက် Live လွှင့်ပြီး သီဆိုခဲ့တဲ့သီချင်းဟာ အာဖရိကနွယ်ဖွား ပြင်သစ်သားတွေကို လူမျိုးရေးခွဲခြားတာမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဖာနန်ဒက်ဇ်ရဲ့လုပ်ရပ်ကို ချဲလ်ဆီးအသင်းဖော် ဖိုဖာနာကလည်း ဝေဖန်ခဲ့သလို လူမှုမီဒီယာမှာပါ unfollow လုပ်ခဲ့တယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းရဲ့အားကစားအတွင်းဝန် ဂါရိုလာကလည်း မက်ဆီအနေနဲ့ အခုလုပ်ရပ်နဲ့ပတ်သက်ပြီး တောင်းပန်သင့်တယ်လို့ ပြောကြားခဲ့ပြီး ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ ဘောလုံးအစီအစဉ်တင်ဆက်သူ ဘန့်တ်ကတော့ ဖာနန်ဒက်ဇ်အနေနဲ့ အချို့အသင်းဖော်တွေရဲ့ဖာထေးမှုကို မရခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
“လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကျွန်တော် အန်ဇိုရဲ့ချဲလ်ဆီးအသင်းမှာ ကစားရတဲ့အနေအထားကို ရှိုးလုပ်ခဲ့တာကို မှတ်မိပါတယ်။ ပြီးတော့ သူဘယ်လိုကစားနေရလဲဆိုတာကို ကျွန်တော် ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော် အိပ်ပျော်သွားပြီး ပြန်လည်နိုးလာချိန်မှာတော့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေရခဲ့ပါတယ်။ ကျွန်တော် သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ဒါမှမဟုတ် သူ့ရဲ့စရိုက်လက္ခဏာကိုပြောနေတာမဟုတ်ပါဘူး။ ကစားသမားတစ်ဦးအနေနဲ့ပြောနေတာပါ။ အန်ဇိုကိုကြည့်ရတာ အဆင်မပြေပါဘူး။ အဲ့တာက တကယ်မဟုတ်ပါဘူး။ ဖိုဖာနာအနေနဲ့လည်း လူမှုမီဒီယာပေါ်မှာ ပို့စ်မတင်ခင် သူတို့ အန်ဇိုကို အရင်ဆက်သွယ်ပြီး ခင်ဗျားဘာတွေဖွင့်နေတာလဲပြောရမှာပါ။ ဒါပေမယ့် သူတို့ အန်ဇိုကိုမကြည့်ခဲ့ပါဘူး။ ဒီလိုမျိုးမလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခုတော့ အန်ဇိုက အားလုံးကို တောင်းပန်နေရပါပြီ”လို့ ဘန့်တ်က ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အမေရိကန်မြေကို ရောက်နေပြီး မကြာသေးခင်တုန်းကန်ခဲ့တဲ့ပွဲမှာ ဆဲလ်တစ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။