The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ အီကီတီကီမပါဝင်နိုင်လို့ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာရှားပါးသွားတဲ့ အန်းစလော့

ဖူလ်ဟမ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ စိတ်လှုပ်ရှားစရာ တနင်္ဂနွေနေ့ပွဲစဉ်ကို အီကီတီကီလွဲချော်ပြီးနောက် ပြင်သစ်သားရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ အန်းစလော့ စိုးရိမ်လာပါတယ်။ MRI စစ်ဆေးချက်အရ အီကီတီကီမှာ အသေးအဖွဲဒဏ်ရာပြဿနာတစ်ခု တွေ့ရှိရလို့ ကရာဗန်ကော့တေ့ချ်ပွဲစဉ်ကို အသက်-၂၃ နှစ်အရွယ်ကစားသမားပါဝင်ကစားနိုင်ရေးကိစ္စမှာ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတယ်။

အီကီတီကီလိုပဲ တိုက်စစ်မှူးအီဆက်ခ်လည်း ဒဏ်ရာရရှိနေသလို မိုဆာလက်ပါ အီဂျစ်နဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်နေလို့ အနောက်လန်ဒန်အရပ်မှာ လီဗာပူးရဲ့ကစားပုံက ကျိုးကြောင်းဆီလျော်မှုမရှိ၊ နားလည်ရခက်ခဲခဲ့ပါတယ်။

အသင်းရဲ့အခုဘောလုံးရာသီထိပ်တန်းဂိုးသွင်းရှင် အီကီတီကီမပါဝင်နိုင်တဲ့ လီဗာပူးရဲ့တိုက်စစ်ပိုင်းက ဖူလ်ဟမ်နဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ဂိုးပေါက်တည့်ကန်ချက် လုံးဝမရှိခဲ့ပါဘူး။ အန်းစလော့က “ လေ့ကျင့်ရေးအစီအစဉ်မှာ တစုံတရာခံစားခဲ့ရလို့ အီကီတီကီကို MRI ဓါတ်မှန်ရိုက်စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ လေယာဉ်ခရီးစဉ်ထွက်ခွာချိန်မှာပဲ ဓါတ်မှန်ရလဒ် ထွက်ပေါ်လာပါတယ်။ ဒါကြောင့် DMOS (ကြွက်သားနာကျင်ကိုက်ခဲမှု)ဒဏ်ရာလောက်ပဲ ဖြစ်မယ်လို့ မျှော်လင့်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး အန်းစလော့က သူ့ရဲ့ကစားသမားသစ်တွေဟာ ထိပ်တန်းအင်္ဂလန်ကလပ်အသင်းတစ်ခုရဲ့ ပြင်းထန်လှတဲ့ ပွဲစဉ်ဇယားအတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလိုက်လျောညီထွေရှိစေဖို့ ကြိုးစားနေရဆဲ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

အန်းစလော့က “ သူ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဆောင်းရာသီအားလပ်ရက်မရှိဘဲ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်လိုအဆင့်အတန်းမျိုးတွေမှာ ပွဲစဉ်တိုင်းကို မိနစ် ၈၀၊ ၉၀ လောက် ကစားသွားဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ သူ အနည်းငယ်ပင်ပန်းလာတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ကံမကောင်းစွာနဲ့ဘဲ ဓါတ်မှန်ရိုက်စစ်ဆေးမှုအရ အနည်းငယ်ပိုသိလာပြီး အီကီတီကီကိုပွဲကစားချိန်ပေးဖို့အရေးမှာ မစွန့်စားချင်ခဲ့ပါဘူး။

ဖလော်ရီယန်ဝစ်ဇ်လည်း ဒီအစီအစဉ်ကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားပြီးပါပြီ။ ကျွန်တော့်မှာ ကစားသမား အများအပြားမရှိနေဘူးဆိုရင် ရှိရင်းစွဲကစားသမားတွေကိုပဲ မိနစ်များများ ကစားစေချင်ပါတယ်”လို့ ပြောပါတယ်။ပြိုင်ပွဲစုံနောက်ဆုံးကိုးပွဲဆက်ရှုံးပွဲမရှိထားတဲ့ လီဗာပူးက လာမယ့်ကြားရက်မှာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို ရင်ဆိုင်သွားရပါမယ်။