The network connection is lost.

Banner Image

ရီးရဲလ်စတားနဲ့ခိုင်းနှိုင်းမှုတွေကို ပယ်ချလိုက်တဲ့ ပီအက်စ်ဂျီစတား

တယ်လီဖုန်းနဲ့အင်တာဗျူးမှာ ပီအက်စ်ဂျီစတား ဒိုအူက ရီးရဲလ်စတား ဘာပေနဲ့ခိုင်းနှိုင်းမှုအကြောင်း ဖြေကြားလိုက်ပါတယ်။ပီအက်စ်ဂျီနဲ့အတူ ပွဲဦးထွက်ရာသီမှာ တောက်ပခဲ့တဲ့ကစားသမားတွေချင်းတူတာကြောင့် သူတို့ ၂ ဦးကို နှိုင်းယှဉ်မှုတွေရှိနေတာဖြစ်ပါတယ်။ ဒိုအူ နဲ့ ဘာပေတို့ဟာ ပီအက်စ်ဂျီအသင်းထံ အသက် ၁၈ နှစ်ပြည့်ချိန်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရန်းနက်စ်စတားကလည်း အင်းနရစ်လက်အောက်မှာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။

ဒီရာသီ ပီအက်စ်ဂျီနဲ့အတူ ပွဲတိုင်းမပါဝင်ပေမယ့်လည်း အသက် ၁၉ နှစ်သားဟာ စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနေတာဖြစ်ပါတယ်။ ဒိုအူတစ်ယောက် ဒီရာသီပီအက်စ်ဂျီအတွက် ၃၇ ပွဲမှာ ၈ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ယခင်တိုက်စစ်မှူးဟောင်း ဘာပေနဲ့ခိုင်းနှိုင်းမှုအပေါ် ဒိုအူက “ကျွန်တော်တို့ နှိုင်းယှဉ်မှုတွေအကြောင်းပြောဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ဖြစ်သလို ဘာပေက ဘာပေပါ။ သူက ထိပ်တန်းကစားသမားတစ်ဦးဖြစ်သလို ဘောလုံးရပ်ဝန်းမှာ သူအနေနဲ့ လုပ်ပြခဲ့ပြီးပါပြီ။ ကျွန်တော်ကတော့ အခုမှ ကျွန်တော့်လမ်းကြောင်းတစ်ခုကို စတင်အကောင်အထည်ဖော်နေတာပါ”လို့ ဒိုအူက ဖြေကြားခဲ့ပါတယ်။