နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဂိုးသမားသစ် ရှာဖွေနေသလို ရောဘတ်ဆန်းချက်ဇ်အား သတိပေးလိုက်တဲ့ နည်းပြ အန်ဇိုမာရက်စ်ကာ
ချဲလ်ဆီးအသင်းဟာ ရာသီသစ်မတိုင်မီ ဗီလာရီးရဲလ်ဂိုးသမား ဖိလစ်ဂျော်ဂျင်ဆင်ကို ခေါ်ယူရန် သဘောတူညီမှုရရှိသွားပြီဟု သတင်းများထွက်ပေါ်နေချိန်တွင် မာရက်စ်ကာရဲ့ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အနောက်လန်ဒန်သားတွေဟာ အသက် ၂၂ နှစ်အရွယ် ဂျော်ဂျင်ဆင်အတွက် ကနဦးကမ်းလှမ်းမှုကို လုပ်ဆောင်ထားပြီးဖြစ်ပြီး ဒါဟာ စတန်းဖို့ဒ်ဘရစ်ချ်ရှိ ဆန်းချက်ဇ်ရဲ့ အနာဂတ်က လှုပ်ခတ်သွားပြီလည်းဖြစ်ပါတယ်။
သူဟာ မာရက်စ်ကာရဲ့ ချဲလ်ဆီးရှိကစားပုံအတွက် သင့်လျော်တဲ့သူဖြစ်ပြီး နံပါတ် ၁ နေရာအတွက် ဂျော်ဂျင်ဆင်နှင့် ပြိုင်ဆိုင်ရန် ဆန္ဒရှိကြောင်း ဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။ ဘရိုက်တန်မှ ပြီးခဲ့တဲ့နှစ်တွင် ချယ်လ်ဆီးသို့ ရောက်ရှိခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ဆန်းချက်ဇ်ထံသို့ သတိပေးပြောကြားရန် လက်ရှိအချိန်မှာ မာရက်စ်ကာက ဆုံးဖြတ်ခဲ့ပါတယ်။
"ကျွန်တော်ပြောနိုင်တာက ရောဘတ်ဟာ ဒီညမှာ အရမ်းကောင်းခဲ့ပြီး ပွဲစကတည်းက အရမ်းကောင်းခဲ့ပါတယ်" "ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း သေချာပါပြီး ဂိုးသမားက အရမ်းအရေးကြီးကာ အဓိကနေရာတွေထဲက တစ်ခုပါ" "ချဲလ်ဆီးကစားသမားတွေမဟုတ်တဲ့ ကစားသမားတွေအကြောင်း ကျွန်တော်မပြောချင်ပေမယ့် ရောဘတ်အတွက် အရမ်းပျော်ပါတယ်" "ဒီအချိန် ကျွန်တော်တို့မှာ ဂိုးသမား ၄ ယောက်ရှိပါတယ်။ ပက်ထရိုဗစ်ကလည်း ကျွန်တော်တို့နှင့်အတူရှိနေဆဲဖြစ်သော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ကိုလည်း အချိန်နဲ့တပြေးညီ မြင်တွေ့ရမှာပါ" "အပြောင်းအရွှေ့ ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့အတွက်က ဘာမဆို ဖြစ်သွားနိုင်ပါတယ်" လို့ ဝရက်ဇ်ဟမ်းနှင့်ကစားခဲ့တဲ့ ရာသီကြိုပွဲအပြီးမှာ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ဝရက်ဇ်ဟမ်းနှင့်ပွဲမှာ ချဲလ်ဆီးအတွက် အူဂိုချာကူက ဂိုးသွင်းယူခဲ့ပြီး နည်းပြသစ် မာရက်စ်ကာ လက်အောက်တွင် သူ့ရဲ့အခြေအနေက ဘယ်လိုရှိသလဲဆိုတာ မေးခွန်းများရှိလာခဲ့ပါတယ်။ "သူဟာ အရမ်းကောင်းတဲ့ အကြံဉာဏ်တွေနဲ့ လာခဲ့တာပါ။ သူက ကျွန်တော်တို့ကို ဘယ်လိုကစားစေချင်သလဲဆိုတာ လေ့လာနေတုန်းပါပဲ။ လူတိုင်းကတော့ သူဖြစ်စေချင်တာကို လုပ်ပေးဖို့ ကြိုးစားနေကြပြီး အဲဒါက ဒါကြောင့်လဲ ဝရက်ဇ်ဟမ်းနဲ့ပွဲမှာ ကြိုးစားခဲ့တာပါ" "ပထမဆုံးအနေနဲ့ သူက ဘောလုံးနဲ့ အေးဆေးတည်ငြိမ်ပြီး ရှေ့ကို ဆက်သွားဖို့ ကြိုးစားပြီး လုပ်ငန်းစဉ်ကို ယုံကြည်တာကြောင့် အလျင်စလို မလုပ်စေချင်ပါဘူး" လို့ အူဂိုချာကူက ပြောပါတယ်။