လီဗာပူးမှထွက်ခွာသွားစရာအကြောင်းမရှိဘူးလို့ အတည်ပြုခဲ့တဲ့ ချီယေဆာရဲ့အေးဂျင့်
ချီယေဆာအနေဖြင့် အသင်းမှာသာ ဆက်ရှိနေလိမ့်မယ်လို့ လီဗာပူးတောင်ပံကစားသမားရဲ့အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။ တောင်ပံကစားသမားက ဂျူဗင်တပ်စ်မှပြောင်းရွှေ့လာပြီးနောက် အခုဘောလုံးရာသီ၊ ပထမရာသီဝက်ကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပေမယ့် အသင်းမှထွက်ခွာသွားဖို့ မရှိသေးပါဘူး။
ချီယေဆာကိုယ်တိုင်လည်း ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေကို ထည့်သွင်းစဉ်းစားနေရလို့ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ဗာလီရာမာဒန်က “နာပိုလီက အခုဆောင်းရာသီမှာ ချီယေဆာကိုခေါ်ယူဖို့ လီဗာပူးနဲ့ စာချုပ်ကိစ္စမဆွေးနွေးခဲ့ပါဘူး။ ပြီးတော့ ကလပ်အသင်းဘက်ကလည်း ကစားသမားကို ထွက်ခွာခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။
ကစားသမားက လီဗာပူးမှာ ဆက်ရှိနေပြီး လာမယ့်အနာဂတ်ကာလအတွက် အသင်းနဲ့ပိုမိုပူးပေါင်းနိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေနေပါတယ်။ အခုအချိန်မှာ ကျွန်တော်အတည်ပြုပေးနိုင်တဲ့အရာကတော့ ဒီအချက်ပါပဲ”လို့ 365scores ဆီ ပြောပါတယ်။