The network connection is lost.

Banner Image

ဘန်ချီဝဲလ်ကို ရောင်းချခြင်းအတွက် နောင်တရလိမ့်မယ်လို့ သတိပေးခြင်းခံလိုက်ရတဲ့ ချဲလ်ဆီး

ချီဝဲလ်ဟာ ၂၀၂၀ ခုနှစ်တွင် လက်စတာစီးတီးမှ ပေါင် ၄၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးကာ ပထမဆုံးရာသီတွင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဘယ်နောက်ခံကစားသမားများထဲမှတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသော်လည်း ကစားသမားဘဝတစ်လျှောက်တွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး ၂၀၂၁-၂၂ ရာသီတွင် လိဂ်ပွဲ ၇ ပွဲသာကစားခဲ့ရကာ ကြံ့ခိုင်မှုပြဿနာများကြောင့် ပြီးခဲ့တဲ့ရာသီတွင် ၁၃ ပွဲသာ ကစားခဲ့ရပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်သို့ မာရက်စ်ကာ ရောက်ရှိလာပြီးနောက် ချီဝဲလ်ဟာ ချဲလ်ဆီးတွင် မသေချာတဲ့ အနာဂတ်နှင့် ရင်ဆိုင်နေရကြောင်း သတင်းများထွက်ပေါ်နေပြီး အီတလီသားနည်းပြက သူ့ကို ကွင်းလယ်သို့ပြောင်းကစားစေရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မကြာသေးမီရက်သတ္တပတ်များအတွင်း ဘယ်ခြေသန် အီတလီနောက်ခံလူ ရစ်ကာဒို ကလာဖီအိုရီကို ခေါ်ယူရန် အပြင်းအထန်ချိတ်ဆက်နေသော်လည်း လန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်က ဘိုလော့ဂ်နာကြယ်ပွင့်အတွက် အသာရရှိမယ့်ပုံရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘယ်နောက်ခံလူ လုခ်ရှောနဲ့ မာလာစီယာတို့ ဒဏ်ရာကြောင့်ရုန်းကန်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ဘီလူးကြီးတွေဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း ဘရစ်ခ်ျက ချီဝဲလ်ကို ရောင်းချခြင်းဟာ အမှားအယွင်းဖြစ်မယ်လို့ ယုံကြည်နေပြီး အင်္ဂလန်လက်ရွေးစင်ဟာ ရာသီကြိုတွင် မာရက်စ်ကာကို အနိုင်ယူနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ မာရက်စ်ကာက နွေရာသီတွင် ချန်ပီယံရှစ်ဆုရှင် လက်စတာစီးတီးမှ ထွက်ခွာခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်ရှိ ပိုချက်တီနိုရဲ့နေရာတွင် အစားထိုးဝင်ရောက်ခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို တနင်္လာနေ့တွင် စတင်ခဲ့ပါတယ်။

"ကျွန်တော် သူ့ကို ဆက်ထိန်းထားချင်ပေမယ့် သူကတော့ ကြံ့ခိုင်နေဖို့ပဲလိုတာပါ" လို့ ချဲလ်ဆီးအတွက် ၁၄၂ ပွဲကစားခဲ့တဲ့ ဘရစ်ချ်က Betfred နဲ့ အင်တာဗျူးတစ်ခုမှာ ချီဝဲလအကြောင်းကို ပြောကြားခဲ့ပါတယ်။ "သူဟာ ချဲလ်ဆီးအတွက် ပွဲတော်တော်များများကို လွဲချော်ခဲ့ပေမယ့် သူသာ ကြံ့ခိုင်နေနိုင်ရင် ကျွန်တော်တို့ မသိနိုင်တဲ့ နောက်ကွယ်မှာ တစ်ခုခုဖြစ်မလာဘူးဆိုရင် သူ့ကို ဘာကြောင့် ရောင်းထုတ်ပစ်ချင်လဲဆိုတာ ကျွန်တော် မသိပါဘူး" "သူ ကြံ့ခိုင်နေသရွေ့တော့ သူ့ကိုယ်သူ သက်သေပြနိုင်စွမ်း အများကြီးရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" "နည်းပြက သူ့အကြောင်း သေချာမသိရင် သူ့ကိုယ်သူ သက်သေပြရမှာ ဖြစ်ပေမယ့် နည်းပြတစ်ယောက်ရဲ့အတွေးဟာ ကစားသမားကြောင့် ပြောင်းလဲသွားနိုင်ပါတယ်" "တကယ်လို့ သူ ကောင်းကောင်း လုပ်နိုင်ရင် ချဲလ်ဆီးအသင်းမှာ ဆက်ရှိနေဖို့ အခွင့်အရေး ရှိပါသေးတယ်။ အပြင်မှာ ဘယ်နောက်ခံလူ များများစားစားမရှိဘူး၊ သူက အရမ်းကောင်းပါတယ်" လို့ ဘရစ်ချ်က ပြောထားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်ပြီး ချီဝဲလ်ထွက်ခွာသင့်ရင် ဘယ်နောက်ခံလူသစ်ကို ခေါ်ယူဖို့ လိုအပ်သလားလို့ မေးမြန်းရာမှာ ဘရစ်ချ်က "ကျွန်တော်ထင်တာတော့ ခေါ်ရမှာပါ" "ကူကူရယ်လာက ဘရိုက်တန်မှာ တကယ်ကို ကောင်းကောင်းလုပ်ပြခဲ့ပါတယ်။ သူက စပိန်အတွက် အဆင်ပြေပေမယ့် ချဲလ်ဆီးမှာ သူ့အတွက် တကယ်ကို အဆင်မပြေသေးပါဘူး" "အသင်းပြောင်းတဲ့အခါ အရင်ကအတိုင်း ဆက်ကစားဖို့ဆိုတာက ခက်ခဲပါတယ်။ မတူညီတဲ့ ပုံစံတွေ မတူညီတဲ့ ကစားသမားတွေနဲ့ ကစားရနိုင်ပါတယ်" "ကလပ်တစ်ခုအတွက် တကယ်ကောင်းအောင် လုပ်ပြခဲ့တာက တခြားအသင်းတစ်သင်းမှာ အလိုအလျောက် ကောင်းသွားတယ်လို့ မဆိုလိုပါဘူး" "အဲဒါက အမြဲတမ်း အဲဒီလိုမဟုတ်ဘူး။ အကယ်၍ ဆုံးဖြတ်ချက်ချသူက ကျွန်တော်သာဖြစ်ခဲ့ပါက ချီဝဲလ်ကို အသင်းမှာ ဆက်ထိန်းထားမှာပါ" လို့ ပြောပါတယ်။