The network connection is lost.

Banner Image

ချဲလ်ဆီးသို့ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုလိုက်တဲ့ အာရွန်အန်ဆယ်မီနို

သူ့ရဲ့ချဲလ်ဆီးသို့ ပြောင်းရွှေ့မှုဟာ အိပ်မက်လိုပါပဲလို့ အာရွန်အန်ဆယ်မီနိုက ပြောကြားလိုက်ပါတယ်။ လူငယ်နောက်တန်းကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ဖို့အတွက် လန်ဒန်မှာ ဆေးစစ်မှုခံယူရန် ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိကလပ် ဘိုကာဂျူနီယာထံမှာပဲ လာမယ့်ရာသီကို အငှားကစားသွားရဖို့ ရှိနေပါတယ်။

ချဲလ်ဆီးအကြီးအကဲတွေဟာ အသက် ၁၉ နှစ်အရွယ် ကစားသမားကို ပထမအသင်းသို့ ရောက်ရှိလာမယ့် အလားအလာရှိတဲ့ နောက်ထပ်လူငယ်ကစားသမားအဖြစ် ရှုမြင်နေပါတယ်။ ချဲလ်ဆီးဟာ ၂၀၂၃ခုနှစ် ဇွန်လတွင် ဘရူနိုအေးရီစ်အသင်းကြီးနဲ့အတူ ပထမအသင်းအတွက်ပွဲထွက်ခွင့်ရရှိထားတဲ့ အာဂျင်တီးနားသားနဲ့ ကာလရှည်စာချုပ်အတွက် သဘောတူညီခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့မြို့တော်သို့ လေကြောင်းဖြင့် မရောက်ရှိလာမီ ESPN သို့ အန်ဆယ်မီနိုက "ကျွန်တော်အရမ်းပျော်ပါတယ်။ အရာအားလုံးက လျင်လျင်မြန်မြန်ပဲ ဖြစ်သွားတာပါ" "ကျွန်တော် ကလေးဘဝကတည်းက ဒီလိုလုပ်ဖို့ အိပ်မက်ရှိပြီး အားလုံးက အဆင်ပြေနေကာ ဒီလိုဆက်ဖြစ်သွားဖို့ အတွက် မျှော်လင့်မိပါတယ်။ ဘောလုံးသမားတိုင်းက ဒီလိုအိပ်မက်မျိုးရှိပါတယ် ကျွန်တော် အရမ်းပျော်ပါတယ်" လို့ ပြောပါတယ်။

တော့ဘိုလေရဲ့လက်ထပ်မှာ ချဲလ်ဆီးဟာ တောင်အမေရိကရှိ လူငယ်ကစားသမားအများစုကို ခေါ်ယူခဲ့တာဖြစ်ပြီး ကန်ဒရီပီရက်ဇ်၊ အန်ဒရီဆန်းတို့စ်၊ ဒီးဗစ်ဝါရှင်တန်၊ အိန်ဂျယ်လိုဂါဘရီရယ်တို့ကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ အသင်းသို့ရောက်လာခဲ့သူတွေဖြစ်ပါတယ်။

ဘရာဇီးကလူငယ်ပါရမီရှင်လေးဖြစ်တဲ့ အက်စတီဗို ဝီလီယံကလည်း လာမယ့်နွေရာသီလူစာရင်းနဲ့အတူ အသင်နှင့် ချိတ်ဆက်မှုများရှိနေပြီး ပါးမီးယက်စ်ကနေ ကနဦးပေါင် ၂၉.၅ သန်းဖြင့် ရောက်လာခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဗီလာရီးရဲလ်က ဂျော်ဂျင်ဆန်ကို ဆေးစစ်မှုများပြုလုပ်ဖို့ရှိနေပြီး ဂိုးသမားဟာ ပေါင် ၂၀.၇ သန်းဖြင့် ပြောင်းလာတာဖြစ်ပါတယ်။