The network connection is lost.

Banner Image

ပေါင်သန်း ၄၀ တန် လက်စတာကွင်းလယ်လူ ဒရူစ်ဘူရီဟောလ်ကို ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လက်ရှိနည်းပြ အန်ဇိုမာရက်စ်ကာနဲ့ ပြီးခဲ့တဲ့ရာသီက အတူတူလက်တွဲခဲ့ဖူးတဲ့ ပေါင်သန်း ၄၀ တန် လက်စတာကွင်းလယ်လူ ကီရာနန်ဒရူစ်ဘူရီဟောလ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

နည်းပြသစ် မာရက်စ်ကာဟာ ပြီးခဲ့တဲ့ရာသီက လက်စတာမှာ ဒရူစ်ဘူရီဟောနဲ့အတူ ချန်ပီယံရှစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ချဲလ်ဆီးမှာလည်း ကွင်းလယ်ကစားသမားနဲ့ ပြန်လည် လက်တွဲဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ဒရူစ်ဘူရီဟောလ်အနေနဲ့ လက်စတာကနေ ထွက်ခွာရမယ်ဆိုရင်လည်း ချဲလ်ဆီးအသင်းသို့သာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

သို့သော်လည်း စတန်းဖို့ဒ်ဘရစ်ချ် အသင်းအနေနဲ့ ပေါင်သန်း ၄၀ တန် ကစားသမားအတွက် တစ်စုံတစ်ရာကမ်းလှမ်းမှုပြုလုပ်ထားခြင်းမရှိသေးပါဘူး။  မာရက်စ်ကာကလည်း အသက်-၂၅ နှစ် အရွယ် ကစားသမားဟာ သူပုံဖော်လိုတဲ့ ကစားဟန်မှာ အံဝင်ခွင်ကျဖြစ်မယ်လို့ယုံကြည်နေတာကြောင့် ချဲလ်ဆီးမှာ အသုံးပြုလိုနေတာဖြစ်ပါတယ်။ ဒါ့အပြင် မာရက်စ်ကာနဲ့ ဒရူစ်ဘူရီဟောလ်တို့ဟာ အေးဂျင့်တစ်ခုတည်းမှာ စာချုပ် ချုပ်ဆိုထားကြတာလည်းဖြစ်ပါတယ်။

ဘလက်ပူးလ်နဲ့ လူတန်တို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ ဒရူစ်ဘူရီဟောလ်ဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးကို လက်စတာမှာပဲ ကုန်ဆုံးခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ၁၂ ဂိုး သွင်းယူထားခဲ့တဲ့ကွင်းလယ်လူကို ချဲလ်ဆီးအပြင် ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်တို့ကလည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ချဲလ်ဆီးဟာ အလားအလာရှိတဲ့လိဒ်ရဲ့နောက်ခံကစားသမားလေး အာချီဂရေးကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ အသက်-၁၈ နှစ်အရွယ်သာ ရှိသေးပေမယ့် ဂရေးဟာ လိဒ်ရဲ့ညာနောက်ခံမှာ ခြေစွမ်းပြသထားနိုင်တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ချဲလ်ဆီးဟာ ဘာစီလိုနာရဲ့ အသက်-၁၈ နှစ်အရွယ် လူငယ်တိုက်စစ်မှူးလေး မာ့ခ်ဂူအီယူကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။