The network connection is lost.

Banner Image

ချဲလ်ဆီးက သေးငယ်တဲ့အချက်အလက်လေးတွေမှာ အားနည်းနေတယ်လို့ ထောက်ပြလာတဲ့ ဖိုဖာနာ

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၂-၂ နဲ့သရေကျပြီးနောက် ချဲလ်ဆီးနောက်ခံလူ ဝက်စလေဖိုဖာနာက အသင်းဟာ အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ကျရှုံးခဲ့ခြင်းမှာ သေးငယ်တဲ့အချက်အလက်တွေ အားနည်းနေလို့ဖြစ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယခုရာသီအိမ်ကွင်းပွဲစဉ်တွေမှာ ပြိုင်ဘက်ကို ဦးဆောင်ပြီးမှာ အနိုင်ရလဒ်ကိုမထိန်းသိမ်းနိုင်ခဲ့တာကြောင့် ၁၃ မှတ်အထိ လျော့ခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရထားခဲ့တာဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၇ ရက်နေ့က အက်စတွန်လာကို ဦးဆောင်ဂိုးရပြီးမှ ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ချဲလ်ဆီးဟာ ယခုဘုန်းမောက်နဲ့ပွဲစဉ်မှာလည်း သရေသာရခဲ့တာကြောင့် အဆင့် ၄ နေရာကနေ ဖယ်ပေးလိုက်ရပြီလည်းဖြစ်ပါတယ်။ ဘုန်းမောက်နဲ့သရေကျပြီးနောက် ဖိုဖာနာက "ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ကျွန်တာ်တို့အကောင်းဆုံးကြိုးစားခဲ့ကြပေမယ့် ဒုတိယပိုင်းမှာ ပွဲကိုမဖြတ်နိုင်ခဲ့ပါဘူး။ ဂိုးသွင်းဖို့အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါ့က တိုက်စစ်ကအသင်းဖော်တွေရဲ့အပြစ်ပဲမဟုတ်ဘဲ တစ်သင်းလုံးရဲ့အပြစ်ပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်ရဲ့ပထမပိုင်းအတွင်း ဘုန်းမောက်အတွက်ဦးဆောင်ဂိုးကို ဒေးဗစ်ဘရွတ်ခ်က စတင်သွင်းယူပြီး ချဲလ်ဆီးအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပယ်လ်မာနဲ့ ဖာနန်ဒက်စ်တို့က ပြန်လည်သွင်းယူပေးခဲ့ကြပေမယ့် ကလိုင်ဗတ်က ဘုန်းမောက်အတွက်ပြန်လည်ချေပခဲ့တာကြောင့် ၂-၂ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဖိုဖာနာက "ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်ကစားနိုင်ဖို့လိုပါတယ်။  ၂ ဂိုးအထိခွင့်ပြုခဲ့ရတာက စိတ်ပျက်စရာပါ။ အခုမှ နှစ်အစပဲရှိသေးလို့ ပိုကောင်းအောင်ကြိုးစားရပါမယ်။ အကောင်းဆုံးပုံစံရရှိဖို့နီးစပ်နေပေမယ့် သေးငယ်တဲ့အချက်အလက်လေးတွေမှာလိုအပ်ချက်ရှိနေပါတယ်။ ၂၀၂၅ မှာအသင်းက အနိမ့်အမြင့်အတက်အကျတွေများခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး ကလပ်ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တာကတော့ ကောင်းမွန်တဲ့အချက်တွေပါ" လို့ပြောကြားခဲ့ပါတယ်။