The network connection is lost.

Banner Image

အမ်ဘာပေရောက်လာတော့မယ့် ရီးရဲလ်မက်ဒရစ်ကို သတိပေးမှုတွေပြုလိုက်တဲ့ ဆယ်လ်တာစတား အက်စ်ပက်

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေတစ်ယောက် နွေရာသီမှာ ရီးရဲလ်အသင်းထံပြောင်းရွှေ့လာတော့မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဆယ်လ်တာစတား အက်စ်ပက်ကတော့ ရီးရဲလ်အနေနဲ့ ဘာပေကိုခေါ်ယူနိုင်ခဲ့ရင်တောင် အောင်မြင်မှုအတွက် အာမခံချက်မရှိသေးဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

အေအက်စ်သတင်းဌာနနဲ့အင်တာဗျူးမှာ အက်စ်ပက်က “အဲ့တာက လာလီဂါအတွက်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားကောင်းတွေရောက်လာတာကြောင့် လိဂ်ရဲ့စီးပွားရေးပိုင်းဝင်ငွေက ပိုကောင်းလာတော့မှာပါ။အဲ့တာပြီးရင်တော့ အခြားအသင်းတွေက ရီးရဲလ်ကိုလိုက်မီနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ စာရွက်ပေါ်မှာတော့ ရီးရဲလ်အသင်း ဘာပေကြောင့်ပိုကောင်းလာနိုင်တာမှန်ပေမယ့် ကွင်းထဲမှာအဲ့လိုဖြစ်လာမလားဆိုတာ ကြည့်ရမှာပါ။ပီအက်စ်ဂျီက မက်ဆီ ၊ နေမာတို့နဲ့ကြမ်းပြမယ်လို့ ထင်ခဲ့ပေမယ့် သူတို့ ချန်ပီယံလိဂ်ဖလားတောင်မရခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းမှာ ဘယ်လင်ဟမ် ၊ ဗင်နီဆီးယက်စ် ၊ ရိုဒရီဂိုတို့ရှိနေပြီး ဘာပေပါ ထပ်ရောက်လာခဲ့ရင် အသင်းရဲ့လူအင်အားက ပိုတောင့်တင်းသွားမှာဖြစ်ပါတယ်။ရီးရဲလ်အသင်းဟာ လိဂ်ဂိုး ၅၆ ဂိုးအထိ သွင်းယူထားနိုင်ပြီး အဲ့ထဲမှာ ဘယ်လင်ဟမ်က ၁၆ ဂိုးအထိ သွင်းယူကာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ဘာပေကတော့ ပီအက်စ်ဂျီမှာ ၃၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပါတယ်။ ရီးရဲလ်အသင်းဟာ တနင်္ဂနွေနေ့မှာ အရေးပါတဲ့ပွဲအဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။