The network connection is lost.

Banner Image

မန်စီးတီးကြယ်ပွင့်ကို ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာဖို့ နေ့စဉ်တိုက်တွန်းနေတဲ့ ကာဗာဂျယ်လ်

တိုနီခရူးစ် အနားယူသွားခြင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်က လာမယ့်ဘောလုံးရာသီအတွက် ကွင်းလယ်ပိုင်းစုဖွဲ့မှု ပြန်လည်လုပ်ဆောင်ရဖို့ ရှိနေပါတယ်။ လက်ရှိအချိန်ထိတော့ အစားထိုးကစားသမားတစ်ဦး ခေါ်ယူထားခြင်းမရှိသေးပေမယ့် ကာဗာဂျယ်လ်ကတော့ ဂျာမန်ကွင်းလယ်ဗိုလ်ချုပ်နေရာမှာ အစားထိုးနိုင်မယ့် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ရှာဖွေနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။ ဒီကစားသမားဟာ သူနဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။

သတင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာ ကာဗာဂျယ်လ်က စပိန်လက်ရွေးစင်အသင်းဖော် ရိုဒရီအကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်မှာ သူက မန်စီးတီးကွင်းလယ်လူကို ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာရေး တိုက်တွန်းနေခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ကာဗာဂျယ်လ်က “ ရီးရဲလ်မက်ဒရစ်အတွက် ကျွန်တော် ရိုဒရီကို အလိုရှိနေတယ်ဆိုတာ သံသယမရှိလိုက်ပါနဲ့။ မန်ချက်စတာမြို့မှထွက်ခွာလာဖို့ ကျွန်တော် သူ့ကို နေ့တိုင်းပြောပါတယ်။ ကျွန်တော်တို့ သူ့ကို အလိုရှိနေတာကြောင့် အဲ့ဒီမှာ အချိန်ကုန်မနေဘဲ မက်ဒရစ်မှာအခြေချဖို့ တိုက်တွန်းဖြစ်ပါတယ်။ သူကတော့ ကျွန်တော့်ကို စာချုပ်သက်တမ်းရှိနေသေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရိုဒရီက ကျွန်တော်တို့အတွက် ပြီးပြည့်စုံစေမယ့်ကစားသမားမျိုးပါ”လို့ ပြောပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဒရီက ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းပြနေပြီး စပိန်နိုင်ငံအတွက်လေးကြိမ်မြောက်ဥရောပချန်ပီယံဆု ဆွတ်ခူးနိုင်ရေး မျှော်လင့်နေပါလိမ့်မယ်။