The network connection is lost.

Banner Image

လီဗာပူးအသင်းအတွက် တန်ဖိုးမဖြတ်နိုင်စရာ သင်ခန်းစာတစ်ခုအကြောင်း ပြောပြလာတဲ့ ကာရေဂါ

ဂန္တဝင်မြောက်သက်တော်ရှည်နည်းပြကြီးတွေဖြစ်တဲ့ အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့ ထွက်ခွာသွားပြီးနောက် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ရတဲ့ကျဆုံးမှုတွေဆီမှ အဖိုးတန်သင်ခန်းစာတစ်ရပ်ကို လီဗာပူးတို့ ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ ကာရေဂါက ဆိုပါတယ်။

လီဗာပူးဂန္တဝင်နဲ့ ဘောလုံးသုံးသပ်သူက သူ့ရဲ့ကလပ်အသင်းဟောင်းအနေဖြင့် ယာဂန်ကလော့ပ်နဲ့အတူ ယူနိုက်တက်၊ အာဆင်နယ်တို့ ကြုံတွေ့ခဲ့ရတဲ့ အမှားမျိုး ထပ်မံလုပ်ဆောင်လိမ့်မယ်လို့ မယူဆမိကြောင်း အခိုင်အမာပြောဆိုလိုက်ပါတယ်။ အန်ဖီးလ်မှာ ကိုးနှစ်တာကာလအတွင်း ဆုဖလားများစွာ ရယူပေးနိုင်ခဲ့တဲ့ ကလော့ပ်ရဲ့နေရာကို အန်းစလော့က ပြီးခဲ့တဲ့စနေနေ့မှာပဲ နည်းပြသစ်အဖြစ် တရားဝင်ဆက်ခံခဲ့ပါတယ်။

အာစင်ဝင်းဂါးရဲ့ ၂၂ နှစ်တာ နည်းပြသက်တမ်း ပြီးဆုံးသွားပြီးနောက် နည်းပြသစ် အူနိုင်းအမ်မရီနဲ့အတူ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ အမ်မရီကို ရာထူးမှ ထုတ်ပယ်ပြီး အာတီတာနဲ့ အစားထိုးခဲ့ရပါတယ်။  ဒါပေမယ့် ကာရေဂါကတော့ အာဆင်နယ်မှာ ဝင်းဂါးနဲ့အတူ ဖြစ်ပျက်ခဲ့တဲ့အရာတွေ၊ ၂၀၁၃ ခုနှစ်မှာ ဖာဂူဆန်နေရာဆက်ခံတဲ့ ဒေးဗစ်မိုရက်စ်နဲ့အတူ ယူနိုက်တက်ရဲ့ကျရှုံးမှုတွေကို လီဗာပူးအသင်း သိရှိထားတယ်လို့ ပြောလိုက်ပါတယ်။

Metro.co.uk နဲ့ဆွေးနွေးခန်းအစီအစဉ်အတွင်း မိုရက်စ်နဲ့ အမ်မရီတို့လိုကံကြမ္မာမျိုး အန်းစလော့ ရင်ဆိုင်ရနိုင်သလားလို့ မေးမြန်းရာမှာ ကာရေဂါက “ကျွန်တော်တော့ အဲ့ဒီလိုမျိုး မယူဆမိပါဘူး။ ဖာဂူဆန်ထွက်ခွာသွားချိန် မန်ချက်စတာယူနိုက်တက်က အဆင့်-၁ နေရာမှ အဆင့်-၇ နေရာဆီ ဆင်းသွားခဲ့ပါတယ်။ အခုလီဗာပူးက အဆင့်-၃ နေရာနဲ့ ရာသီသိမ်းထားတော့ ကျွန်တော်တို့တွေ အဆင့်-၁၀ လောက်အထိ ရောက်သွားလိမ့်မယ်လို့ မယူဆမိပါဘူး။ ကောင်းမွန်တဲ့ နွေရာသီအပြောင်းအရွှေ့တစ်ခု ရှိလာမှုနဲ့အတူ သူတို့တွေကို တက်နိုင်သမျှ ယှဉ်ပြိုင်နိုင်စွမ်းရှိနေဖို့ပဲ ကျွန်တော် မျှော်လင့်ထားပါတယ်။ လူမြင်ကွင်းတွေရဲ့နောက်ကွယ်မှာလည်း အသင်းအတွက် လူပုဂ္ဂိုလ်တွေ ရှိနေပြန်ပါတယ်

လက်ရှိလီဗာပူး အသင်းက ဖာဂူဆန်ထွက်ခွာသွားချိန် မန်ချက်စတာယူနိုက်တက်မှာရှိနေတဲ့ အခင်းအကျင်းမျိုးနဲ့ တူညီတယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီအတိုင်းပဲ အာစင်ဝင်းဂါးနဲ့ အာဆင်နယ်တို့ ဖြစ်ပျက်ခဲ့တာမျိုးနဲ့လည်း မတူညီပြန်ပါဘူး။ သူတို့တွေက အရာရာတိုင်းကို မောင်းနှင်ပေးနိုင်တဲ့ ခေတ်ဟောင်းနည်းပြကြီးတွေ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေ ကုန်ဆုံးသွားတာ ကြာလှပါပြီ။ ဒီအတွက် အကြောင်းပြချက်က အခုလိုပုံရိပ်မြင့်မားလွန်းသူတွေ၊ နည်းပြတွေ ထွက်ခွာသွားချိန် အသင်းကို အစအဆုံးပြန်တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်

ဘယ်နည်းပြမဆို ဒါမျိုးကြုံချင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အန်းစလော့က အရာအားလုံးတာဝန်ယူကိုင်တွယ်ရတဲ့ မန်နေဂျာဆိုတာထက် လီဗာပူးအသင်းရဲ့ နည်းပြချုပ်လောက်ပဲ ဖြစ်လာလိမ့်မယ်ဆိုတဲ့အချက်ဟာ အတော်ပြောလို့ကောင်းတဲ့ကိစ္စဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။  လီဗာပူးက မန်ချက်စတာယူနိုက်တက်လိုမျိုး၊ အာဆင်နယ်လိုမျိုး ကြီးကြီးမားမား ဇောက်ထိုးကျဆင်းမှုတွေနဲ့ ကြုံရမယ်လို့ ကျွန်တော်မရှုမြင်မိပါဘူး။ ယာဂန်ကလော့ပ်က တကယ့်ထိပ်တန်းနည်းပြတစ်ဦးဖြစ်လို့ သူတို့တွေ ကျဆင်းမှုအနည်းငယ်လောက်နဲ့ ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားအားလုံး အတွက်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လီဗာပူးအသင်းကို မျှော်လင့်နေတုန်းပါပဲ”လို့ ပြောပါတယ်။